ဖားကန့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိ
ဖားကန့်မြို့။ ၇၊ ဇူလိုင်လ၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန်နေ့မှစပြီး မှော်ဝမ်း‌လေးဘက် စစ်ကောင်စီနဲ့ KIAတပ်တို့ ကြားအပြန်အလှန်ပစ်ခတ်တိုက်ပွဲများဖြစ်‌နေကြသလို၊ စစ်ကောင်စီမှ တပ်မကုန်းဘက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်ကူ‌နေတာရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့က မော်ဝမ်းလေး‌ ကျေက်စိမ်းတောင်ကုန်း ပေါ် ဘက် ဆွတ်ငိုင်ကြားမှ တိုက်ပွဲဖြစ်နေတာကြားတယ်။စစ်ကောင်စီဘက်မှလည်း တပ်မကုန်းဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်ကူနေတာရှိတယ်”လို့ ပြောပါတယ်။
ထို့အပြင် ဇူလိုင်လဆန်းကနေ ဖားကန့် ဆွတ်ဘွမ်ကျေးရွာ၊ မှော်စီစာစတဲ့နေရာတွင်မှာ စစ်ကောင်စီနဲ့KIAတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့သလို၊ စစ်ကောင်စီရဲ့ လေ‌ကြောင်း ဒရုန်းတိုက်ခိုက်မှု‌‌ကြောင့် ဆွတ်ဘွမ်ယန်တွင် ပြည်သူ (၂) ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သူကဆက် ပြောပါတယ်။
ဖားကန့်မြို့တွင် နေ့တိုင်း တိုက်ပွဲ ပစ်ခတ်သံများ လက်နက်ကြီးသံကြားနေရပြီး ဒရုန်းဗုံးများကြောင့်လည်း အရပ်သား နေအိမ်များထိခိုက်ပျက်စီးတာရှိသလို၊ ‌အရပ်သားပြည်သူတစ်ချို့လည်း တိုက်ပွဲတွင်းထိခိုက်‌ သေဆုံးတာရှိတဲ့အပြင် ဖားကန့်ပြည်သူများလည်း တစ်နေရာမှ တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရပါတယ်။

Leave a Reply