
စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ဖားကန့်သို့ ဝင်ရောက်လာပြီးနောက် ကုမ္ပဏီနဲ့ ပြည်သူနေအိမ်များ မီးလောင်ပျက်စီး၊ သေဆုံးသူ ဒေသခံပြည်သူ ၃၀ဦးအထက်ရှိလာ
ဖားကန့်မြို့။ ၈၊ ဇွန်လ၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ဘက် စစ်
ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ဝင်ရောက်လာတဲ့ မေလ ၂၆ ရက်နောက်ပိုင်း ဖားကန့် ဒေသတွင်း လက်နက်ကြီးပေါက်ကွဲသံများနဲ့ မီးလောင်မှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့က စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက ဒေသခံပြည်သူများကို လူသားဒိုင်းကာ လုပ်တဲ့အပြင် သစ်သုံးလုံး ကုမ္ပဏီဝန်ထမ်းတစ်ချိူ့ ဒူးထောက်စစ်မေးမြန်းသလို၊ ကုမ္ပဏီတဲများနှင့်စက်ပစ္စည်းများကို မီးရှို့ ပျက်ဆီးတာ ရှိခဲ့ပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁း၁၅ ခန့်တွင်မှော်စီစာ ဘုရားကုန်းပေါ် နေရာယူထားတဲ့ စကစနဲ့ ပသစများ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့် လုံးခင်း မှော်စီစာမှ တင်အောင်ကြိုင် လုပ်ကွက်ဟောင်း၌ ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့ပြီး ရေမဆေးရှာ နေသူ ၁၀ဦးအထက်သေ၊ ၁၀အထက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဒါအပြင် ပြီးခဲ့ ဇွန်လ ၄ရက်နေ့ တွင် စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက ဖားကန့်မြို့ ဆန်ခါမှော်အတွင်းက ကျော်နိုင်နှင့်ညီများ ကုမ္ပဏီကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာ ရှိပါတယ်။
အလားတူပင် ဇွန်လ ၅ ရက်နေ့က စစ် ကောင်စီနဲ့ ပြည်သူ့စစ်များက လုံးခင်းအုပ်စုကုဋေကျေးရွာအတွင်းရှိမြန်မာတကောင်ကုမ္ပဏီ ဝင်းမှာ ဘက်ဖိုးနှင့်ကားမီးရိူ့ခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့ ငြိမ်းချမ်းသာယာ(ခွန်ဆာကုန်း) ဘုန်းကြီးကျောင်းနား ယမန်နေ့ ည ၁၀:၀၀ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် နေအိမ် (၃၀) ကျော် မီးလောင်ခဲ့သလို၊ ဒေသခံ (၉) ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါအပြင် ဖားကန့် မြို့ လုံးခင်းအုပ်စုကုဋေရွာနှင့်ဂေါက်ကွင်းအနီး မြဥယဥ်ကုန်မ္မဏီကို ယနေ့ မနက် ၁၀နာရီခန့် က စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက မီးရှို့ခဲ့ကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့မှ ဖားကန့်ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ပြည်သူစစ်များ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ယမ်းချက်စခန်းဘက်မှ ဖားကန့်မြို့သို့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
