မြန်မာအစိုးရစစ်သားမှ အဓမ္မပြုကျင့်ခဲ့သော လူ့အခွင့်ချိုးဖောက်မှုဖြစ်စဉ်
ကချင်ပြည်နယ်။ ၁၂၊ မေလ၊ ၂၀၂၅
၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော် ကေအိုင်အေကြား တစ်ကျော့ပြန် စစ်ပွဲဖြစ်ပွားလာပြီးနောက် ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မိုးမောက်မြို့နယ် ‌ဒေါ့ဖုန်းယန်မြို့ ဒိမ်ခါပါမှ သားအမိနှစ်ယောက် ရွာနား နွားသွားရှာနေချိန် ညမိုးချုပ်လာပြီး မိခင်ဖြစ်သူက သမီးဖြစ်သူကို အရင် အိမ်ပြန်ခိုင်းလိုက်ပါတယ်။ သမီးဖြစ်သူ မလုတောင်( အမည်လွှဲ)သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာချိန်တွင် အစိုးရစစ်သားနှစ်ဦးမှ ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့ကြောင်း ကုထုံးမဲ့လူအခွင့်အရေးအနာများ မှတ်တမ်းတွင် ဖော်ပြထားပါတယ်။
မလုတောင်တို့သားအမိ နွားသွားရှာတဲ့နေရာက နောင်ဝမ်ရွာဆိုတဲ့ ရွာတစ်ရွာအပြင် ခလရ (၁၄၂)တပ်ရင်းတစ်ခုရှိပြီး၊ အိမ်နဲ့ တစ်မိုင်‌ကျော်လောက်ဝေးပါတယ်။
နွားသွားရှာရင်း မိုးချုပ်လာလို့ အမေဖြစ်သူ ပြန်ခိုင်းတာကြောင့် ညနေ ၅:၃၀ ခန့်က ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာချိန် ဒင်ဂါးရွာအကျော် ‌ ဒေါ့ဖုန်းယန်မရောက်ခင်နား လမ်းကွေ့တစ်ခုရဲ့ယာတောအဆုံးနား‌လေးမှ အရပ်ဝတ်နဲ့စစ်သားနှစ်ယောက်ထွက်လာပြီး မလုတောင်စီးလာသော ဆိုင်ကယ်ကို တားခဲ့ပါတယ်။
ထိုအမျိုးသား နှစ်ယောက်မှ မလုတောင်ကို ဘယ်သွားမလဲ? လို့မေးပြီး မလုတောင်က ဒေါ့ဖုန်းယန် သွားမယ်ပြောတော့ ခဏဗိုလ်ကြီးဆီ စာပါးအုန်းမယ် စာသွားယူမယ်ဆိုပြီး ခြံထဲပြန်ဝင်သွားကာ လက်ထဲတွင် ဓားတစ်လက်ကို ဝှက်ကာထွက်လာပြီး‌တော့ သူမနားကို ကပ်လာပြီးနောက် သူမခြေထောက်ကို လိမ်ပိုက်လှဲချလိုက်ကာ ဆံပင်ကိုဆွဲ၊ လည်ပင်းမှာ ဓားနဲ့ထောက်ထားပြီး “မအော်နဲ့အော်လို့ရှိရင် သတ်လိုက်မယ်လို့ ခြိန်းခြောက်ပြီး ချုံ‌တောဘက်ရှိ ဝါးရုံတောမှာ အဓမ္မပြုကျင့်ခဲ့ပါတယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌။
ထိုနေရာမှာ အရင်က ငှက်ပျောခြံစစ်တပ်ခဏခဏ တပ်ပြောင်းတာရှိခဲ့သလို၊ အဲဒီအချိန်မှာ ခလရ (၂၂၃) တပ်က တပ်စွဲခဲ့ပါတယ်။
ထို့အပြင် အဆိုပါ စစ်‌သားနှစ်‌ယောက်က မလုတောင်ကို ညအ‌တော်မိုးချုပ်တဲ့အချိန်မှ ချုံပုတ်ထဲကခေါ်ထွက်လာခဲ့ပြီး သူတို့ကို ဒေါ့ဖုန်းယန်အလွန်လိုက်ပို့ဖို့ သူမကို ဆိုင်ကယ် မောင်းခိုင်းကာ စစ်သားတစ်ယောက်က မှိုင်းဗုံးနဲ့ သူမ၏ဗိုက်ထဲကပ်ထားပြီး နောက်တစ်ယောက် က နောက်ကြောကနေ သူမခါးမှာဓါးနဲ့ ထောက်ထားပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုကြောင့် မလုတောင်လည်း သူတို့ပြောတဲ့အတိုင်း ဆိုင်ကယ်မောင်းလာပြီး ဒေါ့ဖုန်းယန် စက်မှုလယ်ယာအလွန်မှာ သူတို့ကို ဆင်းခိုင်းတော့၊ သူမကို လူမနေတော့တဲ့ အိမ်တစ်အိမ်ဘက် ဆက်မောင်းသွားခိုင်းလို့ ဆိုင်ကယ်ကို ထားပြီး မလုတောင်ထွက်ပြေးသွားချိန်တွင် မြောင်းတစ်ခုမှာလှဲကျသွားလို့ ပြန်ဖမ်းမိကာ တဲအိမ်ဘက်ခေါ်သွားပြီး သူမက တစ်ညလုံး ထပ်မံအဓမ္မပြုကျင့်တာခံခဲ့ရပါတယ်။
နောက်မနက် စစ်သားတစ်ယောက်က ဆိုင်ကယ်မောင်း နောက်တစ်ယောက်က နောက်မှာထိုင်ပြီး မလုတောင်ကို ကြားတွင်ကြပ်ထိုင်ခိုင်းကာ ဗန်းမော်လမ်းဘက်မောင်းခေါ်သွားပြီး မြို့သစ်ဘက်ရောက်တော့ ဆိုင်ကယ်ဘီးပေါက်ပြီး ဆိုင်ကယ်ပြင်နေချိန် တစ်ရွာထဲအတူနေတဲ့ မောင် ဇော်မိုင်က တွေ့ပြီး သူမကို သူနဲ့အတူ အိမ်ခေါ်လာခဲ့ပါတယ်။ ‌‌
ထိုသို့ လွတ်မြောက်လာပြီး မလုတောင်သည် သူကြုံတွေ့ခဲ့သည့် ဖြစ်စဉ်အားလုံးကို ဖခင်ဖြစ်သူအား ပြောပြခဲ့ပါတယ်။။ မိဘများက ထိုအမှုကို ရပ်ရွာလူကြီးများနဲ့အတူ မ.ယ.က ဥက္ကဌကို သွားတိုင်ပြီး ရဲစခန်းမှာ အမှုဖွင့်ဆိုခဲ့ပါတယ်။ အဆိုပါစစ်သားနှစ်ယောက်ထဲမှ တစ်ယောက်က ဗန်းမော် (၄) မိုင်က စ.အ.ရ (၉၁၄) စစ်တပ်မှ ကိုယ်ပိုင်အမှတ် တ၊၄၂၇၉၆၆ အသက် (၂၃) စစ်သား အောင်နိုင်စိုးဖြစ်ကြောင်းသိခဲ့ပါတယ်။
၎င်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် မလုတောင်သည် အသက် ၁၇ နှစ်ရှိပြီး ဆယ်တန်းဖြေဆိုထားသော အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပါတယ်။
မလုတောင် ရဲ့ မိဘများနဲ့ ရှေ့နေများမှ အမှုမှန်မြန်မြန်ပေါ်ပေါက်ရေး နဲ့ တရားခံကိုမြန်မြန်ရှာဖို့ တစ်လ တစ်ကြိမ် ရဲစခန်းကို သွားပြီး စခန်းမှူးထံ ဖိအားပေး ပြောဆိုမှုလည်း ရှိခဲ့ပါတယ်။ သို့သော် တရားခံ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ကုထုံးမဲ့လူ့အခွင့်အ‌ရေးအနာများမှတ်တမ်းတွင် ဖော်ပြထားပါသည်။
၎င်းကုထုံးမဲ့လူ့အခွင့်အရေးအနာများ မှတ်တမ်းစာအုပ်ကို ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ် လူ့အခွင့်အရေးလှုပ်ရှားသူများမှ မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်ပါတယ်။
ကချင်ပြည်နယ်တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှစပြီး ဒေသခံပြည်သူများကို မြန်မာအစိုးရစစ်တပ်၏ စစ်သားများမှ လူအခွင့်အရေးချိုးဖောက်မှုများစွာ ပြုလုပ်ခဲ့သော်လည်း တာဝန်ယူမှု၊တာဝန်ခံမှု ပျက်ကွက်ခဲ့ပါတယ်။

Leave a Reply