
KIOအစိုးရမှ ဂျေယန်ကလေးငယ်ကျောင်းသူ(၃)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူအား သေဒဏ်အမိန့်ချမှတ်
လိုင်ဇာမြို့။ ၉၊ဧပြီလ၊ ၂၀၂၅
ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဂျေယန်စစ်ရှောင်စခန်းက ဆယ်နှစ်အရွယ်မိန်းကလေးငယ်သုံးဦးကို ရိုက်နက်နှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူ ဦးအုန်းဆောင် ဒွဲအောင်အား မတ်လ ၂၉ ရက်နေ့က KIO အစိုးရမှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အမိန့်ကိုချမှတ်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဦးအုန်းဆောင် ဒွဲအောင်ဟာ ဆရာမဆီသွားတဲ့ ကလေး(၃)ယောက်ကို လမ်းမှာဖမ်းပြီး တစ်ယောက်ကို ကြိုးဆွဲချပြီးသတ်၊ ကျန်နှစ်ဦးကို ရေထဲနစ်သတခဲ့တဲ့အပြင်၊ ဆရာဝန်များ၏ စစ်ဆေးတင်ပြချက်အရ ကလေးများကိုယ်ပေါ်မှာ ရိုက်နှက်ဒဏ်ရာနဲ့ လိင်ပိုင်းဆိုင်ရာကျိုးလွန်ထားတဲ့သက်သေများတွေ့ရကြောင်း Laizaသတင်းဌာန၏ တင်ပြချက်အရသိရပါတယ်။
အဆိုပါ သေဆုံးသွားတဲ့ မိန်းကလေးငယ် (၃)ဦးတို့မှာ မဖောင်ယမ် ဆွတ်ဆိုင်းအိန် အသက်(၁၀)နှစ်၊ မနန်းဇိန်း ဂျီးဆန့်မိုင် အသက်(၁၀)နှစ် နှင့် မလထော် ရွယ်ဂျီ အသက် (၁၁)နှစ် အရွယ်များဖြစ်ကြောင်းသိရပါတယ်။
