စစ်ကောင်စီနဲ့ ပြည်သူ့စစ်မှ လဝါကျေးရွာရှိလူနေအိမ် ၁၀၀ကျော်ကို နှစ်ရက်ဆက်တိုက်မီရှို့ဖျက်စီး၊စိတ်မနဲ့သူကို ပစ်သတ်
ဖားကန့်မြို့နယ်။ ၁၈၊ ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာကို ဧပြီလ ၁၆ရက်နှင့် ၁၇ ရက်နေ့ က စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူပေါင်းတပ်များက လူနေအိမ် ၁၀၀ ကျော်ကို မီးရှိ့ ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ရွာက နေအိမ်တွေကို နှစ်ရက်ဆက်တိုက်ကို မီးလိုက်ရှို့နေတယ်။ အားလုံး ၁၀၀ ကျော်တော့ မီးလောင်ပျက်စီးသွားပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူပေါင်းတပ်များက လဝါ ကျေးရွာတွင်နေထိုင်တဲ့ စိတ်မနံ့သူ တစ်ဦးကို‌လည်း ပစ်သတ်ခဲ့ကြောင်း ထပ်မံသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့က စပြီး လဝါကျေးရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူပေါင်းတပ်ဘက်က ထိုးစစ်အလုံးအရင်း ထိုးလာသဖြင့် ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းအကူအညီကြောင့် လဝါးကျေးရွာကို ပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်။
လက်ရှိမှာ မတ်လ ၂၈ ရက်နေ့ဖြစ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ပြည်သူများ၏ အသက်ကို ကူညီကာကွယ်ရန် တော်လှန်ရေးတပ်ဖွဲ့များအပြင် စစ်ကောင်စီဘက်မှ ယာယီထိုးစစ်တိုက်ခိုက်မှုများရပ်ရန် ကြေညာထားတော်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်‌၊လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပါတယ်။

Leave a Reply