ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကွယ်လွန်
၂၁၊ ဧပြီလ၊၂၀၂၅
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ၂၁ ရက် ဧပြီ ဒေသစံတော်ချိန် ၇ နာရီ ၃၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း ဗတီကန် ရိုမန်ကတ်သလစ် ကျောင်းမှ ထုတ်ပြန်ကြေညာထားပါသည်။
ပုပ်ရဟန်းမင်းဟာ ရိုမန်ကတ်သလစ်ကျောင်းတော်ကို ဦးဆောင်ခွင့်ရခဲ့တဲ့ ပထမဆုံး လက်တင်အမေရိကန်ဖြစ်ပြီး အသက် ၈၈ နှစ်တွင် ကွယ်လွန် အနိစ္စ‌ရောက်ခဲ့ပါသည်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် Agostino Gemelli Polyclinic ဆေးရုံကိုတက်ရောက်ခဲ့ရပြီး ဆေးရုံမှာ အခြေအနေ ဆိုးရွားလာခဲ့ပြီးနောက် ဆရာဝန်တွေက ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်ရောင်ရောဂါခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။ ဆေးရုံတက်ပြီး ၃၈ ရက်ကြာပြီးနောက် နေအိမ်မှာ ၂ လ ခန့် အနားယူဖို့ ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။
သူဟာ ဧပြီ ၂၀ ရက် တနင်္ဂနွေနေ့က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်မှာ ဝတ်ပြုကိုးကွယ်သူ ထောင်ပေါင်းများစွာကို Happy Easter ဆုတောင်းပေးခဲ့ပါတယ်။
တောင်အမေရိကတိုက် အာဂျင်နီးနားနိုင်ငံဖွား ဘုန်းတော်ကြီး ဖရန့်စစ်ဟာ ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပထမဆုံး လက်တင်နွယ်ဖွားထဲက ရွေးချယ်ခံရတာဖြစ်ပါတယ်။
ကွယ်လွန်သွားသည့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် လာရောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးအဖြေရှာရန် အကြိမ်ကြိမ်ပြောဆိုခဲ့သူဖြစ်ပါသည်။
ပုပ်ရဟန်းကြီး ဖရန့်စစ်သည် လူမျိုး၊ နိုင်ငံ၊ ဘာသာမခွဲခြားဘဲ လောကသားတို့ကို ကောင်းကျိုးပြုမည်ဆိုသည့်လမ်းစဥ်ကို ကျင့်သုံးခဲ့သူဖြစ်ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းအခြေချသူများ၏ အခွင့်အရေးနှင့် ဝင်ငွေကွာဟမှု စသည့်အရေးများကို အလေးထားပြောဆိုခဲ့သူလည်ဖြစ်ပါသည်။

Leave a Reply