
ဝိုင်းမော်မြို့ဘက် စစ်ကောင်စီ စစ်အင်းအားဖြည့်လာလို့ ဒေသခံများစိုးရိမ်နေ
ဝိုင်းမော်မြို့။ ၁၈၊ မတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဝိုင်းမော်မြို့ဘက်ကို မနေ့ည ၈နာရီခန့်တွင် မြစ်ကြီးနားဘက်မှ စစ်အင်အားအပြည့်နဲ့ စစ်ကား (၁၀)စီးဖြင့် စစ်ကောင်စီမှအင်အားဖြည့်တင်းလာတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြောင်း ဝိုင်းမော်ဒေသခံများက ပြောပါတယ်။
” မနေ့ညကနေ စစ်ကား (၁၀)စီးအပြည့်ဘဲ မြစ်ကြီးနားဘက်က လာတယ်။ အခုလိုမြင်ရတော့ ဒီဘက် တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်နေရတယ်”လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်မှာ ကလေးများကျောင်းပိတ်ရင် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ကောလဟာလသတင်းစကားများလည်းပြန်နှံ့နေတယ်လို့ သူမက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ လဆန်းလောက်ကနေ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ အတွင်း လက်နက်ကြီးသံများ ညတိုင်းနီးပါး ကြားနေရလို့လည်း သိရပါတယ်။
