ဝိုင်းမော်မြို့ဘက် KIAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေ၊ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်
ဝိုင်းမော်မြို့။ ၂၄၊ မတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဝိုင်းမော်မြို့ လမြန်နဲ့ ဝါးရှောင်ကျေးရွာတွင် ပြီးခဲ့တဲ့မတ်လ ၂၁ရက်နေ့ ညနေပိုင်းမှ စစ်ကောင်စီတပ်တို့ အင်းအားဖြည့် ထိုးစစ်ဆင်လာသဖြင့် KIAတို့မှ စောင့်ကြို တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်လာခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
“ကျွန်တော်တို့ သိမ်းထားတဲ့ဘက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တန်ပြန်တိုက်ပွဲဖြစ်လာတာ” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ဒရုန်းအပြင်၊ တိုက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ လုပ်တာနေကြောင်း သူကဆက်ပြောပါတယ်။
ထို့အပြင် ယမန်နေ့က ဝူယန်ကျေးရွာတွင် စစ်ကောင်စီဘက်မှ ဒရုန်းဗုံးနဲ့ လက်နက်ကြီးကျရောက် သဖြင့် ပြည်သူနေအိမ်နဲ့ ကားများထိခိုက်တာတွေရှိကြောင်းလည်းသိရပါတယ်။
ဝိုင်းမော်မြို့၏ ၇၅ရာခိုင်နှုန်းကို KIAတို့ သိမ်းပိုက်ထားပြီဖြစ်ရာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီဘက်မှ စစ်အင်းအားပြန်လည်တိုးမြင့် စစ်ရေးလှုပ်ရှားနေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့တွင် နမ့်ဝါကျးရွာအသင်းတော်မှ ဆရာခန်းဒူ ဘရန်ရှောင်က ဝိုင်းမော်မြို့ဘက် အစည်းအဝေးသွားချိန် လမ်းမှာ စစ်ကောင်စီတပ်မှ အကြောင်းပြချက်မ‌ပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်အထိ မလွတ်သေးကြောင်း KBC အသင်းသားများမှ ‌သိရပါတယ်။

Leave a Reply