
မြန်မာနိုင်ငံ ငလျင်ဘေးကြုံနေချိန် စစ်ကောင်စီ ဗန်းမော်မြို့ကို လေကြောင်းဆက်လက်တိုက်ခိုက်နေ
ဗန်းမော်မြို့။ ၃၀၊မတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဗန်းမော်မြို့ကို ယနေ့ နေ့လည် ၁၂:၀၀ နာရီကျော်ခန့်က စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်ထံမှ သိရပါတယ်။
“ဒီနေ့ ၁၂:၃၀ကျော်မှာ လေယျာဉ်နဲ့ ဗုံးလာကြဲတယ်။ပြည်သူ ထိခိုက်တာရှိမရှိတော့ မသိရသေးဘူး။” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရှိ စစ်ကိုင်း၊ မန္တလေး အပြင် ရှမ်းမြောက်ဘက်တွေ ငလျှင်ဘေးအန္တရာယ်ကျရောက်ပြီး လူထောင်ချီ သေဆုံးနေပြီး နေအိမ်အများအပြား ပျက်စီးနေချိန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က NUG မှ လူသားချင်းစာနာမှု အကူအညီကို လွတ်လပ်စွာကူညီနိုင်ဖို့ မတ်လ ၃၀ရက်မှ စ၍ နှစ်ပတ် ထိုးစစ်ရပ်နားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
