ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်
ဝိုင်းမော်မြို့။ ၁၊ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ဝိုင်း‌‌မော်မြို့ လမြန်ကျေးရွာတွင် ယနေ့ မနက် ၈:၀၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှသိရတယ်။
“ဒရုန်းနဲ့ ဗုံးလာကြဲတာ။ မနက်အစောကြီးဘဲ။ အဲ့နောက် တိုက်ပွဲ‌သံတွေပြန်ကြားလာတယ်။ ဒီမနက် ၉နာရီကျော်အထိကြားသေးတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံ ငလျင်ဒဏ်ကြုံတွေ့နေရချိန် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်မှ နေရာအနံ လေယာဉ်၊ဒရုန်း၊ စက်လေထီးများဖြင့် နေရာအနံ့ (၁၂)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ (၁၀)ဦး အထက်ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၂)ရက်နေ့ကလည်း ဝိုင်းမော်မြို့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply