ဇန်နဝါရီလ နှစ်ပတ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု သတင်း
ကချင်ပြည်နယ်။ ၁၆.ဇန်နဝါရီလ.၂၀၂၄
ဇန်နဝါရီလ နှစ်အပတ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊မြေမြုပ်မိုင်း နှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်(၁)ဦး အပါအဝင် (၃၀)ဦးသေဆုံးခဲ့ပြီး (၃)နှစ်အရွယ်တစ်ဦးအပါအဝင် (၃၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ပြင် ရွှေတူးဖော်ကုပ္မဏီများ၏ နွံကန်ပေါက်ကျမှုကြောင့် ပြည်သူအများအပြားထိခိုက်သေဆုံးခဲ့ပါသည်။
၁၃.ဇန်နနဝါရီလ.၂၀၂၅
လုံးခင်းကျေးရွာအုပ်စု မဇွတ်ယန် နှင့် ဆန်ခါ စစ်ကောင်စီတပ်မှလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် (၁) နှစ်ခွဲကလေးတစ်ဦး အပါအဝင် (၁၃) ဦးသေဆုံးခဲ့ပြီး (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၁၃.ဇန်နဝါရီလ.၂၀၂၅
ဖားကန်ဆိပ်မှုကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနွံကန်ပေါက်ကျမှု ကြောင့် ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိပြီး နေအိမ် (၅၀)ခန့်ပျက်စီးနှစ်မြုပ်ကာ ရေမဆေးကျောက်ရှာဖွေသူများနှင့် ဒေသခံပြည်သူအချို့ ပျောက်ဆုံးနေ
၁၁ .ဇန်နဝါရီလ.၂၀၂၅
တနိုင်းမြို့နယ် လပူခမှော်အနီးရှိ စံလွန်မှော်မှာ စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၁၅) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၁၁.ဇန်နဝါရီလ.၂၀၂၅
မိုးညှင်းမြို့ အာလဝီကုန်းရက်ကွက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု‌ကြောင့် အသက်မပြည့်သေးသည့် (၃)နှစ်အရွယ်က‌လေး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
၃-၉.ဇန်နဝါရီလ.၂၀၂၅
မိုးညှင်းမြို့နယ် ရွှေသစ်ပင်ရွာ ရာဘာခြံအနီးတွင် စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ်မိုင်း‌‌ ကြောင့် အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
၈.ဇန်နဝါရီလ.၂၀၂၅
ဘွမ်နန်အနီး စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၆ .ဇန်နဝါရီလ. ၂၀၂၅
ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပြိုကျသဖြင့် ရွှေမျှောလုပ်ကိုင်သူတစ်ဦး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ပါသည်။

Leave a Reply