SNA ရှမ်းနီပြည်သူစစ်လက်နက်ကိုင်များ နေအိမ်များ မီးရှို့ထွက်ပြေး

၁၁၊နိုဝင်ဘာလ၊ ၂၀၂၄

ကချင်ပြည်နယ်၊ မိုးညင်းခရိုင် အင်းတော်ကြီးဒေသ နမ့်မွန်းကျေးရွာအနီးရှိ ဆနွန်းကုန်းကျေးရွာတွင် မနေ့က မနက် ၇:၀၀နာရီခန့်က SNA ရှမ်းနီပြည်သူ့စစ်များက နေအိမ် ၅ အိမ်ကို မီးရှို့ဖျက်စီးပြီး ထွက်ပြေးသွား‌တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရပါတယ်။ “သူတို့လာလို့ ကျွန်မတို့ အရင်ပြေးသွားတာ။ ဘာသတင်းကြားလို့ ရွာကို မီးလာရှို့တာတော့ ကျွန်မလည်း မသိ‌‌သေးဘူး။ အိမ်‌ ၅ အိမ်ကို မီးရှို့ပြီး ပြန်ပြေးသွားတယ်လို့ တစ်ချို့ကပြောတယ်။” လို့ သူမကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်‌နေ့လည်း မိုးညင်းမြို့တွင် SNAရှမ်းနီပြည်သူစစ်များ အင်းအားပြပြီး စစ်ဆေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

Leave a Reply