ကွတ်ခိုင်မြို့ ။ ၁၉၊ နိုဝင်ဘာလ၊ ၂၀၂၄

ရှမ်းပြည်နယ်‌‌ မြောက်ပိုင်း Kachin Sub-State ကွတ်ခိုင်မြို့တွင် အောက်တိုဘာလ ၁၈ ရက် မနက်အ‌စော ၁:၀၀နာရီကျော်မှာ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးသွားတဲ့အပြင် ထိခိုက်သေဆုံးတာရှိကြောင်း အသက်၃၀ကျော် အရွယ်‌ ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရပါတယ်။
“ရပ်ကွက်-၄ တရုတ်ခရစ်ယာန်ဘုရားကျောင်းနားတွင်ဗုံးကနေအိမ် ၃ လုံးပျက်စီးသွားတယ်။ လူ ၃ ယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရသွားတယ်။သေဆုံး/ဒဏ်ရာရသူတွေထဲမှာကလေးငယ်များပါတယ်” လို့ သူကပြောပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများကို နီးစပ်ရာ ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသပေးနေတယ်လို့လည်း ဆက်လက်သိရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာမှာလည်း စစ်ကောင်စီမှ လေကြောင်းနဲ့ KBC ဘုရားကျောင်းနဲ့ စစ်‌ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်တာကြောင့် က‌လေးငယ် ၇ဦးအပါအဝင် ပြည်သူ ၉ဦးသေးဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူ ၁၁ယောက်ရှိခဲ့ကြောင်း သိရပါတယ်

 

 

Leave a Reply