
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရှမ်းနီပြည်သူ့စစ်မှ လူငယ်များအား နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံများကပြောသည်။
“၈လပိုင်း၂၅ရက်နေ့ကရွာမှာ ည၈နာရီတောင်မထိုးသေးဘူး ကောင်လေးတယောက်ကို ရှမ်းနီပြည်သူ့စစ်တွေ အိမ်အထိလာဖမ်းခေါ်တာ၊အဲ့ကောင်လေးကို သေနတ်နဲ့ထောက်ထားပြီး စကားမများဘဲ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဖမ်းခံရတဲ့ကောင်လေးကတဦးထဲ သောသားဟုတ်တယ်၊အသက်က၂၄နှစ်ဘဲရှိသေးတယ်။ကားသုံးစီးနဲ့ ရောက်လာကြပြီးတော့ နာမည်မေးပြီး လက်ထိပ်ခတ်ဖမ်းခေါ်သွားတာ ၊အဲ့ကောင်လေးရဲ့မိဘတွေက ဘာဖြစ်လို့ဖမ်းတာလဲ ၊ဘာအပြစ်ရှိလို့လဲလို့မေးတော့ စကားမများနဲ့ ဆူဆူညံညံအသံမထွက်နဲ့ဆိုပြီးတော့သေနတ်နဲ့ချိန်ထားလို့ မတားရဲဘူး။”ဟုဖမ်းဆီးခံရသည့် ကောင်လေးနှင့်နီးစပ်ရာ ရွာခံများကပြောသည်။
ဩဂုတ်လနှင့်စက်တင်ဘာလကြားတွင် လူငယ်များဖမ်းဆီးခံရသည်မှာ ဆယ်ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ရှမ်းနီပြည်သူစစ်တွေက ခုဆိုညနက်ချိန်ထွက်မှ ဖမ်းတာတောင်မဟုတ်ဘူး ၊ည၈နာရီ၉နာရီလောက်မှာတောင် လမ်းပေါ်ထွက်တာနဲ့ဖမ်းတယ်၊ မနေ့ကလဲ မိုးညှင်းမြို့ထွက်BOC နားမှာ ကားအဖြူရောင်တစီး ၊ကားအမဲရောင်နှစ်စီးနဲ့ လူငယ်ခြောက်ယောက်လောက်ကို လမ်းပေါ်မှာလက်နောက်ပစ်ဒူးထောက်ခိုင်းပြီး စစ်မေးနေတာ၊လက်နင်ကိုင်ပြီးလုပ်ချင်သလိုလုပ်နေကြတာ တော်တော်ကြာပြီ၊”ဟုယင်းဖစ်စဉ်ကို မျက်မြင်တွေ့သူအသက်၅၅နှစ်အရွယ် အမျိုးသားတဦးကပြောသည်။
“မိုးညှင်းမြို့အနီးတဝှိုက်က ကျေးရွာတွေမှာ စစ်မှုထမ်းမဲနှိုက်ဖို့ အထက်က ညွှန်ကြားခံရတယ်၊ဒီနေ့မှာဘဲ စစ်သားစုဆောင်းဖို့အတွက် အင်ကြင်းကုန်းကျေးရွာအုပ်စုက ရပ်ကျေးဥက္ကဌတွေ စည်းဝေးထိုင်ကြတယ်၊ ကျေးရွာအုပ်စုမှာ လေးရွာရှိတယ် ၊လေးရွာပေါင်း လူငယ်အယောက်(၉၀)တောင်းတယ်လို့ကြားတယ်၊ဒီပုံစံတိုင်းဆိုရင် လူငယ်တောင်ကျန်တော့မှာမဟုတ်ဘူး၊၊ “ဟု ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်ရာကပြောသည်။
မိုးညှင်းမြို့နယ်တွင် ရှမ်းနီပြည်သူ့စစ်များအာကောင်းလာပြီး မိုးညှင်း- မြစ်ကြီးနားကားလမ်းတွင် ရှမ်းနီပြည်သူ့စစ်ဂိတ်များအခိုင်အမာတည်ဆောက်၍ ငွေတောင်းခြင်း ၊စစ်ဆေးမေးမြန်းခြင်းများတင်းကြပ်စွာ ပြုလုပ်လာကြောင်း ထပ်မံသိရသည်။
Red PowerRanger
