မိုးညှင်မြို့။ ၂၅၊စက်တင်ဘာလ၊၂၀၂၄
မိုးညှင်းမြို့ အထက(၃) အုတ်ကျင်း ကျောင်းအုပ်ဆရာမကြီးအား စက်တင်ဘာလ ၉ ရက်နေ့တွင် ရှမ်းနီပြည်သူစစ် အင်အား(၂၀)ခန့်သည် ကျောင်းရှိ အခန်းနှစ်ခန်းကို သူတို့နေရန် လာတောင်းချိန်တွင် ကျောင်းအုပ်ကြီးမှ မပေးသောကြောင့် ကျောင်းအုပ်ကြီးထံမှ ပိုက်ဆံကို ဓားမြတိုက်သကဲ့သို့ လက်နက်ပြကာ တောင်းယူသွား တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
“ ရှမ်းနီပြည်သူ့စစ်တွေက ကျောင်းအုပ်ကြီးဆီမှာ ကျောင်းမှာ သူတို့နေဖို့အတွက် အခန်းနှစ်ခန်းတောင်းတော့ ကျောင်းအုပ်ကြီးက မပေးတော့ ကျောင်းအုပ်ကြီးရဲ့ ပိုက်ဆံတွေ ကို ဓားပြတိုက်သလို တိုက်ယူသွားတာ၊ အုတ်ကျင်းကျောင်းမှာ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ရှမ်းနီပြည်သူ့စစ်တွေ ဝတ်စုံအပြည့်ဝတ်ပြီး နေနေတယ် ” ဟု အမည်မဖော်လိုသူ ‌ဒေသခံ အမျိုးသမီးတစ်ဦးက Voice For Voiceless ကို ပြောပါသည်။
ဩဂုတ်လ လလယ်မှ စ၍ ရှမ်းနီပြည်သူ့စစ်များသည် စစ်သားစုဆောင်းရေး စတင်ပြုလုပ်နေပြီး မိုးညှင်းမြို့ အထက(၃) အုတ်ကျင်းကျောင်း၌ စစ်သင်တန်းပေးရန်ပြင်ဆင်နေကြောင့်သိရပါသည်။
“ ၈လ ပိုင်း လလယ်ကတည်းက ည(၇)နာရီဆို ရှမ်းနီပြည်သူ့စစ်တွေ စုဆောင်းရေးဆွဲနေပြီး အယောက်(၁၀၀)ကို အုတ်ကျင်းကျောင်း အထက(၃) တွင် စစ်သင်တန်းပေးရန်ပြင်ဆင်နေကြတယ်” ဟု ၎င်းအမျိုးသမီးက ဆက်ပြောပါသည်။
လက်ရှိအခြေအနေတွင် အုတ်ကျင်း ကျောင်းအုပ်ဆရာမကြီးက ထွက်ပြေးတိမ်းရှောင်နေရပြီး ရှမ်းနီပြည်သူ့စစ် အင်အား(၃၀)ခန့်သည် အုတ်ကျင်း ကျောင်းဝန်းထဲတွင် စခန်းချ နေထိုင်နေပါသည်။

Leave a Reply