ဝိုင်းမော်မြို့ ‌ ရွှေညောင်ပင်ရွာတွင် စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိပြီး ကားများမီးလောင်ပျက်စီး
ဝိုင်းမော်မြို့ ။ ၅ ၊ ဖေဖော်ဝါရီလ၊၂၀၂၆
ဖေဖော်ဝါရီ ၄ ရက် နေ့ ဝိုင်းမော်မြို့ ရွှေညောင်ပင်ရွာတွင် မြစ်ကြီးနားမှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် ရွှေညီကိုကားပြင်ဆိုင်တွင်ကျရောက်ထိမှန် အရပ်သား ၁ ဦး သေဆုံး၍ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့အပြင် ၎င်းကားပြင်ဆိုင်မှ ကားသေး ၁စီး နဲ့ ကားကြီး ၁၄ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါ ဒဏ်ရာရရှိသူ ၂ ဦးကို လိုင်ဇာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှုခံယူနေပါတယ်။
ရွှေ‌ညောင်ပင်ရွာသည် ၂၀၂၃ ခုနှစ်တွင် ‌တိုက်ပွဲဖြစ်၍ ရွာသားအများစုက တိမ်းရှောင်ထွက်ပြေးခဲ့ပြီး ယခုတစ်ခါပြန် ရွာသားများပြန်လည်နေထိုင်ကာ KIA ထိန်းချုပ်ထားသောနယ်မြေဖြစ်ပါတယ်။

Leave a Reply