မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ထားဆဲ
မြစ်ကြီးနားမြို့။ ၃၀၊အောက်တိုဘာလ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို ကားလမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှစပြီး လမုန်ဇွတ်ဂိတ်တွင် ဖြတ်သန်းခွင့် ပိတ်လိုက်ရာ ယနေ့အထိ မဖွင့်သေးကြောင်း ဒေသခံများထံမှသိရပါတယ်။
“မဖွင့်သေးဘူး။ အစတော့ ဆိုင်ကယ်‌တွေကိုတောင်ပစ္စည်းအများကြီးသယ်ရင် ဖြတ်ခွင့်မပေးဘူး။ အိမ်ပြန်လမ်းတောင်ပြောက်တယ်။ အခုတော့ ပူတာအိုတက်တဲ့ကုန်ကားတွေဘဲ ပိတ်ထားတယ်။ တစ်ခြားကိုတော့ စစ်ဆေးပြီး သွားခွင့်ပြုတယ်။” လို့ လမုန်ဇွတ်‌ဒေသခံ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက် နေ့က မြစ်ကြီးနား-ပူတာအို ကားလမ်းဖွင့်ပြီးလို့ စစ်ကော်မရှင်ရဲ့ သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Eternally Peace News က ၎င်း၏လူမှုစာမျက်နာတွင် ရေးသားထားပေမဲ့ တစ်ကယ်မဖွင့်ပေးကြောင်း သိရပါတယ်။
လက်ရှိမှာ ပူတာအိုမြို့တွင် နေရာတစ်ချို့မှာ တိုက်ပွဲများဖြစ် နေသလို၊ ဖုန်းလိုင်းအင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့အပြင်Star Link စက်များကို ပြည်သူ့စစ်များက ထိန်းသိမ်းတာခံရတာလည်းရှိ ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

Leave a Reply