
အရက်မူးတဲ့သားဖြစ်သူမှ အဖေအရင်းကို ဓါးဖြင့်ခုတ်သတ်
ဝိုင်းမော်မြို့။ ၂၁၊အောက်တိုဘာလ၊၂၀၂၅
KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ် မလန်းယန်(ဂျာပူ)ကျေးရွာ ရပ်ကွက် (၄)တွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၆:၃၀ ဝန်းကျင်ခန့်တွင် အရက်မူးလာတဲ့ သားဖြစ်သူက အဖေအရင်းဖြစ်သူကို ဓါးခုတ်သတ်မှုဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။
“သားဖြစ်သူက အရက်လည်းမူးနေတာတဲ့။ သားဖ နှစ်ယောက်ရန်ဖြစ်ရာကနေ သားဖြစ်သူက ဓါးနဲ့ ခုတ်လိုက်တာ လည်ပင်းပြတ်ဖို့ နည်းနည်းဘဲလိုတယ်တဲ့။တရားခံ ထွက်ပြေး တမ်းရှောင်လွတ်မြှောက်နေတယ်တဲ့” ဆိုပြီးသတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါ ခုတ်သတ်တဲ့ သားဖြစ်သူနာမည်မှာ ဒေါ့ရှီဂမ်ယု အသက် (၂၈)နှစ်ဖြစ်ပြီး သေဆုံးသူ အဖေဖြစ်သူမှာ ဦး ဒေါ့ရှီလဆမ် အသက်(၅၇)နှစ် လည်ပင်းဘယ်ဘက် ဓါးခုတ်ခံဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
လူသတ်မှုနဲ့ ထွက်ပြေးနေတဲ့ရားခံကို ဂျာပူကျေးရွာ KIO အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး လိုက်လံစုံစမ်းရှာဖွေရာမှ ဖမ်းဆီးမိပြီ လက်ရှိတွင် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေကြောင့် သိရပါတယ်။
အဆိုပါ မလန်ယန်းကျေးရွာသည် ၂၀၁၁ခုနှစ် တစ်ကျော့ပြန် စစ်ပြေးရှောင်ပြည်သူများ ပြန်လည်နေရပ်ပြန်နေထိုင်နေပြီး KIO အစိုးရမှ ဩဇာလွမ်းမိုးမှုရှိသော ကျေးရွာဖြစ်ပါတယ်။
