ဖားကန့်မြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား (၂)ဦး

သေဆုံး (၁၄)ဦးထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့။၆၊ဩဂုတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ စည်ပင်ကျေးရွာ နှစ်‌‌နေရာတွင် ယမန်နေ့ည ၇:၀၀နာရီ ဝန်းကျင်ခန့်က တပ်မကုန်းဘက်မှ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်သေဆုံးပြီး (၁၄)ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“တပ်မှကုန်းဘက်ကပစ်သံကြားတယ်။ စည်ပင်ဘက်ကျတာနှစ်ခါ တောင်ဟုတ်တယ်။ အမျိုးသမီးနှစ်ယောက်သေတယ်။ ၁၄ယောက် ဒဏ်ရာပြင်းထန်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ ထိခိုက်သေဆုံးသူ အမျိုးသမီးနှစ်ဦးမှာ ဒေါ်ပုကြွယ်နှင့် ဒေါ်ရီလို့ သိရပြီး ထိခိုက်ဒဏ်ရာရသူများကို မြဝတ်ရီ ဆေးရုံကြီးကို ပို့ထားကြောင့်သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်နေ့ ညကလည်း ဖားကန့် လုံးခင်းရပ်ကွက် နေအိမ်တစ်အိမ်တွင် စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရပါတယ်။

Leave a Reply