ဖားကန့်မြို့တွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေတဲ့ရုပ်အလောင်းများထပ်မံတိုးလာ
ဖားကန့်မြို့။ ၁၆၊ ဇွန်လ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းတွင် ဇွန်လ ၆ ရက်နေ့ သေနတ်ပစ်သတ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံးနေတဲ့ အမျိုးသား(၄)ဦး အလောင်း ထပ်မံတွေ့ရကြောင်းဒေသခံများထံမှ သိရပါတယ်။
” ဒီမနက် လုံးခင်းမှာဘဲ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတယ်တဲ့။ ပြီးတော့ ကုဋေဘက် တစ်လောင်းနဲ့ ဥရုချောင်းမှာ တစ်‌လောင်းတွေတယ်တဲ့။ တစ်ခြားဘက်မှာရောရှိနိုင်‌သေးတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါ အသတ်ခံရမှုမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ပစ်သတ်တာဖြစ် ကြောင်း ဒေသခံတစ်ချို့ ထင်မြင်‌ချက်ရှိနေပေမဲ့ Langji_လန်ဂျီမှ ဆက်လက်စုံစမ်းနေဆဲပါ။
“စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အရပ်ဝတ်နဲ့လည်း လှုပ်ရှားနေတာရှိတယ်။ သူတို့ ပစ်သတ်တာလို့ ထင်တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထို့အပြင် ဇွန်လ ၁၅ရက်နေ့ကလည်း ဖားကန့်ဆွတ်ငိုင် ကျေးရွာဘက် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ခဲ့သလို အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်းသိရပါတယ်။
လက်ရှိမှာ ဖားကန့်မြို့ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးဘက် စစ်ကောင်စီနဲ့ KIAတို့ တိုက်ပွဲများဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ရက် နေ့မှာ ဖားကန့်မြို့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ဝင်ရောက်လာချိန်မှ စပြီး ၎င်းတို့က ပြည်သူများကို ဖမ်းဆီး၊ပစ်သတ်တဲ့အပြင်၊ ကုမ္ပဏီများကို မီးရှို့ဖျက်ဆီးသလို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တာ‌ တွေကြောင့် ဖားကန့်ဒေသခံ သေဆုံးသူ (၃၀) ကျော်ခန့်ရှိလာပြီဖြစ် ကြောင်းသိရပါတယ်။
#‌‌ပစ်သတ်ခံရပြီး သေဆုံးသူရုပ်အလောင်းများထပ်တွေ့
#လက်နက်ကြီးကျပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်

Leave a Reply