
ဖားကန့်မြို့မှာ တိုက်ပွဲများ ဖြစ်နေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေရ
ဖားကန့်မြို့။ ၁၂၊ ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်စီဇာဘက်မှာ စစ်ကောင်စီနဲ့ KIA တပ်တို့ ယမန်နေ့မှစပြီး တိုက်ပွဲများဖြစ်လာကာ အရပ်သားပြည်သူ (၃)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများကပြောပါတယ်။
” မှော်စီဇာလမ်းဆုံမှာ အမျိုးသား (၃) ဦးသေနတ်ဒဏ်ရာနဲ့ သေနေတယ်တဲ့။မနေ့က တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးတာလား။ ပစ်သတ်ခံရတာတော့ မသိဘူးတဲ့။” ဖားကန့်မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အပြင် ယနေ့ မနက် ၉:၀၀နာရီခန့်မှ ဖားကန့်မြို့ မော်စီဇာ အမိုက်ပှုံဘက် တိုက်ပွဲသံများ ဆက်လက်ကြားနေရကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
အဆိုပါသေဆုံးသူ အမျိုးသား (၃)ဦး၏ အမည်နဲ့ အရပ်သား ဟုတ်မဟုတ်ကို ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူပေါင်းတပ်များ ဖားကန့် မြို့ဘက်ကို မေလ ၂၆ရက်နေ့က ဝင်ရောက်နိုင်ခဲ့ပြီးနောက် ဒရုန်းအပြင် လက်နက်ကြီးငယ်များ ပစ်ခတ်တာကြောင့် ဒေသခံအရပ်သားပြည်သူ ၃၀နီးပါးထိခိုက်သေဆုံးခဲ့ရကြောင်းသိရပါတယ်။
