မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ ဖုန်းလိုင်းများပြတ်တောက်မှုရှိ
မြစ်ကြီးနားမြို့။ ၂၊မေလ၊ ၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံသွားလမ်းတစ်‌ လျှောက်ရှိ ကျေးရွာတစ်ချို့မှာ ယမန်နေ့ကစပြီး ဖုန်းလိုင်းများ ပြတ်တောက်နေတယ်လို့ ဒေသခံများကပြောပါတယ်။
” မနေ့က မနက်ကနေ ဖုန်းလိုင်း တယ်ခုမရတော့ ဘူး။ဒီဘက် လိုင်းက အရင်ကနေ MPTတစ်ခုဘဲရတာ အခုတော့မရတော့ဘူး။” လို့ အူဗျစ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အတူ ဝိုင်းမော်မြို့ နယ် ဘက်က ကျေးရွာများမှာလဲ ဖုန်းလိုင်းများပြတ်တော်နေတယ်လို့ သိရပါတယ်။
“ဟုတ်တယ် မနေ့ကနေ ဒီဘက်လည်း ဖုန်းလိုင်းအာလုံးပျက်သွားတယ်။ မြို့တွင်းဘက်တော့ ရသေးတယ်လို့ပြောကြတယ်” လို့ လဘန်က ထောင်ကျေးရွာက အမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ ဖုန်းလိုင်း‌ပြတ်တောက်ခြင်းက စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်တဲ့နေရာနဲ့ နီးတဲ့ဘက်ဖြစ်ပြီး သတင်းအမှောင်ချချင်လို့တမင်တကာ ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံများကပြောပါတယ်။
” ဒီမြို့ဘက်မှာတော့မပျက် သေးဘူး။ အခုပျက်တဲ့ ကျေးရွာတွေဘက်က သူတို့ စစ်ကောင်စီ ထိုးစစ်ဆင်နေတာရှိတယ်။ အဲ့ဒါကို မသိစေချင်လို့ တမင်သတင်းအမှောင်ချဖို့လုပ်တာထင်တယ်”လို့ မြစ်ကြီးနားမြို့ခံ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့ကစပြီး မြစ်ဆုံတန်ဖရဲ ဘက် စစ်ကောင်စီနဲ့ KIAတို့ တိုက်ပွဲ ပြင်းထန်နေတာရှိပြီး ဝိုင်း‌မော်မြို့ လမြန်ကျေးရွာဘက်လဲ ထိတွေ့တိုက်များ ဆက်လက်ရှိနေကြောင်း သိရပါတယ်။

Leave a Reply