
လဆန်အောင်ဝါ(ကွယ်လွန်သူ) ဂွေထူဌာနေပြည်သူ့စစ်ရှိရာဘက်စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းနေ
ဝိုင်းမော်မြို့။ ၁ ၊ဒီဇင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဦးလဆန်အောင်ဝါ (ကွယ်လွန်သူ) ဦးဆောင်တဲ့ ပြည်သူ့စစ်ရှိတဲ့ နောင်ချိန်း၊ ဂွေထူ၊ လဝါယာန် ကျေးရွာဘက် ယနေ့ ညနေ ၆:၀၀နာရီခန့်က လက်နက်အပြည့်နဲ့ စစ်သား ၂၀၀ ခန့်က စစ်ကား သုံးစီးဖြင့် အင်အားဖြည့်လာကြောင်း နောင်ချိန်း ဒေသခံ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးထံမှ သိရတယ်။
“ကား သုံးစီးအပြည့်ဘဲ။ ကြပ်တောင်ကြပ်တယ်။ စစ်သားက ၂၀၀ ကျော်မယ်ထင်တယ်။ ကားပေါ်မှာ စက်သေနတ်ထောင်ထားတယ်” လို့ သူက ပြောပါတယ်။
ထို့အပြင် ယခုလို ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ (ကွယ်လွန်သူ) ရှိချိန်က ငြိမ်းချမ်းနေတဲ့ နယ်မြေမှာ စစ်ကောင်စီမှ အင်အားဖြည့်လာတာကြောင့် စစ်ဖြစ်လာမှာကို စိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။
အဆိုပါ နောင်ချိန်း၊ ဂွေထူ၊ လဝါယာန် ကျေးရွာများက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ကွယ်လွန်သူသွားတဲ့ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါမှ အုပ်ချုပ်သောနေရာများဖြစ်ပါတယ်။
ဦးလဆန်အောင်ဝါရဲ့ ဈာပနပွဲတွင်စစ်ကောင်စီနဲ့ ပြည့်သူစစ်သားများကို အတူတွေ့ရစဉ် (ပုံဟောင်း)
