
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ရှမ်းနီလက်နက်ကိုင်များဟာ အရပ်သားပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ရိုက်နှက်ခြင်း၊ငွေများသိမ်းယူခြင်းများပြုလုပ်နေတယ်လို့ သိရပါတယ်။
နန့်မွန်းKBC ဘုရားကျောင်းနဲ့ နန့်မွန်းစာသင်ကျောင်းမှာရှမ်းနီလက်နက်ကိုင်များဟာတပ်စွဲထားပြီး စစ်ဆေးရေးဂိတ်အဖြစ်ဘန်ကာများနဲ့အခိုင်အမာတည်ဆောက်ထားပါတယ်။နန့်မွန်းKBC ဘုရားကျောင်းမှ ဓမ္မဆရာဖြစ်သူ ဆရာသွေးနှောင်းထွေးအား ဇွန်လ၁၅ရက်နေ့က မည်သည့်နေရာတွင်မဆို အသေပစ်သတ်ရန် အမိန့်ထုတ်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါတယ်။
ဇူလိုင်လ၁ရက်နေ့က ဟိုပင်မှာ လယ်ယာသုံးစက်ပစ္စည်းဝယ်ဖို့အတွက် ငွေ၂၅သိန်းကျပ်ကိုဆိုင်ကယ်တူးဘောက်ထဲထည့်လာတဲ့ အင်းတော်ကြီးဒေသခံတဦးဆီကနေ ဆိုင်ကယ်နဲ့ငွေအားလုံးကို အတင်းအဓမ္မသိမ်းယူသွားတယ်လို့ နှစ်နာသူကာယကံရှင်အမျိုးသားက ပြောပါတယ်။
ဇူလိုင်လ၇ရက်နေ့က မိုးညှင်းဆေးရုံမှာ ဆေးကုသပြီး အင်းတော်ကြီးကိုပြန်သွားတဲ့ကချင်အမျိုးသားတဦးကို နန့်မွန်းဂိတ်မှာ စစ်ဆေးရိုက်နှက်တာကြောင့် ချောင်းဝဆေးရုံမှာကုသနေစဉ် သေဆုံးသွားတယ်လို့ ဒေသခံများကပြောပါတယ်။
ဇူလိုင်လအတွင်းမှာဘဲ အသက်၃၄နှစ်အရွယ် ကိုဟန်ဇော်ထွန်းဟာ ရှမ်းနီပြည်သူ့စစ်တွေရဲ့ဖမ်းဆီးရိုက်နှက်ကာ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံလိုက်ရကြောင့် သေဆုံးသွားပါတယ်။ကိုဟန်ဇော်ထွန်းရဲ့အမျိုးသမီးဟာ CDM ဝင်ထားတဲ့ကျောင်းဆရာမတဦးဖြစ်တာမို့ ရှမ်းနီပြည်သူစစ်(SNA)တွေက အိမ်ထဲဝင်ရှာရာကနေ အမျိုးသမီးကိုမတွေ့တာကြောင့် ခင်ပွန်းဖြစ်သူကို စစ်ဆေးကာသတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
နန်းမွန်းရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်အောင် ဦးဆောင်တဲ့ ရှမ်းနီ လက်နက်ကိုင်များဟာ အသက်မပြည့်သေးတဲ့ကလေးသူငယ်များလည်း ပါနေတယ်လို့ ဒေသခံများကပြောပါတယ်။
ကချင်ပြည်နယ်တွင်းမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည်မှာတလကျော်ကြာမြင့်လာပြီဖြစ်ပြီး လူ့အခွင့်ရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီကကျူးလွန်နေကြကြောင်းသိရသည်။
Red PowerRanger
