ဝိုင်းမော်မြို့နယ် မိုင်းနား စုပေါင်းဂိတ်တွင် တိုက်ပွဲများဖြစ်ပွားနေ
ဝိုင်းမော်မြို့နယ်။ ၉၊မေလ၊၂၀၂၄
မေလ ၉ ရက် နေ့လည် ၂ ခန့်မှ စ၍ ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတား အနီးရှိ စစ်ကောင်စီဂိတ်တွင် KIA၊PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်ကြား အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေပါသည်။
“ တိုက်ပွဲဖြစ်နေတာ မိနစ် ၂၀ကျော်ခန့်တော့ရှိပြီး သေနတ်သံတွေလည်း အရမ်းမြည်နေလို့ ကျွန်မတို့တောင်ကြောက်ပြီး ကတုတ်ကျင်းနေမှာဝပ်နေတယ်”ဟု မိုင်းနားဒေသခံအမျိုးသမီးတစ်ခုကပြောပါသည်။
လက်ရှိတွင် ဗလမင်းထင်တံတားပိတ်ထားသောကြောင့်လည်းသိရှိရပါသည်။

Leave a Reply