ဧပြီလ အတွင်း အရပ်သားထိခိုက်သေဆုံးမှု
ကချင်ပြည်နယ်၊ ဧပြီလ၊၂၀၂၆
၂၀၂၆ ခုနှစ် ဧပြီလအတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အရပ်သားထိခိုက်မှုဆိုင်ရာ အချက်အလက်များသည် ဒေသတွင်း စစ်ရေးပဋိပက္ခများ၏ အဓိကထိခိုက်ခံရသူမှာ အရပ်သား ပြည်သူများဖြစ်နေဆဲဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေသည်။ စုစုပေါင်း ထိခိုက်ခံရသူ ၆၆ ဦးရှိပြီး၊ ၎င်းတို့တွင် သေဆုံးသူ၊ ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူများ ပါဝင်သည်။ ယင်းအခြေအနေသည် ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသကဲ့သို့ လူ့အခွင့်အရေးနှင့် အရပ်သားကာကွယ်ရေးအခြေအနေများလည်း ဆိုးရွားလာနေကြောင်း ပြသနေသည်။
ကျား/မ အလိုက်ကြည့်မည်ဆိုပါက အမျိုးသား ၂၇ ဦးဖြင့် အများဆုံးထိခိုက်ခံရပြီး၊ အမျိုးသမီး ၁၆ ဦးနှင့် အချက်အလက်မသတ်မှတ်နိုင်သူ ၂၃ ဦးရှိသည်။ အမျိုးသားများအပေါ် ထိခိုက်မှုမြင့်မားနေခြင်းသည် စစ်ရေးပဋိပက္ခဒေသများတွင် အမျိုးသားများကို လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယထားကာ ဖမ်းဆီးစစ်ဆေးခြင်း၊ နှိပ်စက်ခြင်းများ ပိုမိုဖြစ်ပွားနိုင်ကြောင်း ညွှန်ပြနေသည်။ တစ်ဖက်တွင် အမျိုးသမီးများလည်း ထိခိုက်ခံရမှုများရှိနေခြင်းက စစ်ရေးပဋိပက္ခများသည် တိုက်ပွဲဖြစ်ပွားရာနေရာများ သာမက အရပ်သားနေထိုင်ရာ ကျေးရွာများအထိ သက်ရောက်လာနေ ကြောင်း ပြသသည်။
Gender unspecified အရေအတွက် များနေခြင်းမှာလည်း conflict zone များအတွင်း သတင်းအချက်အလက် စုဆောင်းရန်ခက်ခဲမှု၊ လုံခြုံရေးစိုးရိမ်မှုနှင့် မှတ်တမ်းတင်နိုင်မှု အားနည်းခြင်းတို့ကို ဖော်ပြနေသည်။
ထိခိုက်မှုဖြစ်စေသော အဖွဲ့အစည်းများအရ စစ်အစိုးရမှ ဆက်စပ်သောဖြစ်ရပ်များက ၅၉ ရာခိုင်နှုန်းကျော်ရှိပြီး စစ်အစိုးရလက်အောက်ခံ ပြည့်သူ့စစ်အဖွဲ့ (Militia) အဖွဲ့များကြောင့် ၃၈ ရာခိုင်နှုန်းနီးပါး ဖြစ်ပွားခဲ့သည်။ ဤအချက်သည် အရပ်သားထိခိုက်မှုများတွင် စစ်ကောင်စီအစိုးရနှင့် ပြည်သူ့စစ်အဖွဲ့များ၏ လှုပ်ရှားမှုများလည်း အရပ်သားလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း တွေ့ရသည်။ လူ့အခွင့်အရေးရှုထောင့်အရ အရပ်သားများကို ကာကွယ်ရမည့် တာဝန်ရှိသော စစ်တပ်များ (armed actors) များကပင် ပြည်သူများအားထိခိုက်စေမှု (civilian harm) များ ဖြစ်စေခြင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းသော အခြေအနေဖြစ်သည်ကိုမြင်ရသည်။
သေဆုံးသူ ၁၃ ဦးအနက် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီး အများဆုံးဖြစ်နေသည်။ ထို့အပြင် killing ၄ ဦး၊ gunshot ၂ ဦးနှင့် torture ကြောင့် သေဆုံးသူ ၁ ဦးရှိသည်။ လက်နက်ကြီးကြောင့် သေဆုံးမှုအများဆုံးဖြစ်နေခြင်းက လူနေထူထပ်ရာဒေသများအတွင်း indiscriminate shelling များ ဖြစ်ပွားနေကြောင်း ပြသသည်။ ထိုသို့သော လက်နက်ကြီးအသုံးပြုမှုများသည် International Humanitarian Law အရ အရပ်သားနှင့် စစ်ဘက်ပစ်မှတ်များကို ခွဲခြားရန်လိုအပ်သည့် distinction principle ကို ထိခိုက်စေနေခြင်းဖြစ်ကြောင်းတွေ့ရသည်။ Torture ကြောင့် သေဆုံးမှုရှိနေခြင်းကလည်း ဖမ်းဆီးခံရသူများ၏ အခွင့်အရေးများကို လွန်စွာချိုးဖောက်နေကြောင်း ပြသပြီး detention-related abuse များဆက်လက်ရှိနိုင်ကြောင်း တွေ့မြင်နိုင်သည်။
ဒဏ်ရာရသူ ၁၂ ဦးစလုံးမှာ artillery fire ကြောင့်ဖြစ်နေခြင်းသည် လက်နက်ကြီးအသုံးပြုမှု၏ အန္တရာယ်ကိုတွေ့မြင်ရပြီး ကျေးရွာများနှင့် လူနေအိမ်များအနီး စစ်ဆင်ရေးများပြု လုပ်ခြင်းကြောင့် အရပ်သားများသည် လုံခြုံစွာ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ တိုက်ရိုက်ထိခိုက်နေကြသည်ကို တွေ့မြင်ရ သည်။ ထို့ပြင် ဒဏ်ရာရသူများအတွက် ဆေးဝါးကုသမှု၊ rehabilitation နှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုများရရှိမှုများအရှိကြောင်းကိုလည်း Kachin Human Rights Insight နှင့်တွေ့စုံမှုများ တွင်၎င်းတို့ပြောပြချက်များအရတွေ့ရသည်။
ထို့နောက် ဖမ်းဆီးခံရသူစုစုပေါင်း ၄၁ ဦးရှိပြီး torture case ၂၁ ခုပါဝင်နေတာကို အချက်အလက်များအရမြင်တွေ့နိုင်သည်။ ၎င်းသည် အခြေအနေသည် conflict zone များအတွင်း လူများကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုများပြားလာနေကြောင်း ညွှန်ပြနေပြီး ၎င်းဒေသမှုလူထုများအတွက် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအခြေအနေစိုးရိမ် နေရကြောင်းကို တွေ့ရသည်။
မြို့နယ်အလိုက်ကြည့်မည်ဆိုပါက Hpakant တွင် ထိခိုက်မှု ၅၄ ခုဖြင့် အများဆုံးဖြစ်ပြီး Myitkyina တွင် ၈ ခု၊ Mohnyin တွင် ၄ ခုရှိသည်။ Hpakant သည် ကျောက်စိမ်းလုပ်ငန်းများနှင့် သဘာဝသယံဇာတ အရင်းအမြစ်များကြောင့် စစ်ရေးအရ အရေးပါသောဒေသဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုယှဉ်ပြိုင်မှုများ ပြင်းထန်နေသည့်နေရာလည်းဖြစ်သည်။ ထို့ကြောင့် civilian casualties များ အထူးမြင့်မားနေခြင်းမှာ စစ်ရေးနှင့် သယံဇာတထိန်းချုပ်မှုကြား ဆက်နွယ်မှုရှိနေသလား တွေ့မြင် ရသည်။
လွန်ခဲ့သောလများနှင့် ယခုလ ဧပြီ ၂၀၂၆ ကချင်ပြည်နယ်အခြေအနေသည် အရပ်သားများအပေါ် စစ်ရေးပဋိပက္ခ၏ သက်ရောက်မှု အလွန်ပြင်းထန်လာနေကြောင်း ပြသလျက်ရှိနေသည်။
လက်နက်ကြီးအသုံးပြုမှု၊ မတရားဖမ်းဆီးမှု နှင့် ညှင်းပန်းနှိပ်စက်မှု များသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများအပေါ် ချိုးဖောက်မှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖော်ပြနေပြီး၊ civilian protection၊ humanitarian access နှင့် accountability mechanisms များ ပိုမိုလိုအပ်လာနေကြောင်း ထင်ရှားစွာ မြင်တွေ့ရသည်။

Leave a Reply