၂၀၂၅ ခုနှစ် (ဇန်နဝါရီလ မှ ဒီဇင်ဘာလ) တစ်နှစ်တာအတွင်း ကချင်ပြည်နယ်အတွင်းရှိ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ။
ကချင်ပြည်နယ်။ ၂၂ ၊ ဇန်နဝါရီလ၊ ၂၀၂၆။
ကချင်ပြည်နယ် တွင် လွန်ခဲ့ သော၂၀၂၅ ခုနှစ် တစ်နှစ်တာကာလ အတွင်း အရပ်သားပြည်သူ နစ်နာသူ စုစုပေါင်း (၆၈၉) ဦး ရှိခဲ့ပြီး ၎င်းတို့ထဲတွင် (၂၀၉)ဦး သေဆုံးပြီး ၊ (၂၈၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ မတရားဖမ်းဆီးခံရသူ (၁၉၇)ဦး ထိရှိခဲ့ကြောင်း Kachin Human Rights Team နှင့် LangJi News မှ ကောက် ယူရရှိထားသည့်အချက်အလက်များအရတွေ့ရသည်။
အဆိုပါထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁၀၃) ဦးသေဆုံးခဲ့ပြီး (၁၁၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၅၂) ဦး သေဆုံးပြီး (၁၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့အပြင် သေနတ်ပစ်ခတ်မှုဖြင့် (၂၆) ဦးသေဆုံးကာ (၅) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး၊ ဒရုန်းတိုက်ခိုက်မှု ကြောင့် (၉) ဦးသေဆုံးပြီး (၃၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ မြေမြုပ်မိုင်းကြောင့် (၅) ဦးသေဆုံးပြီး (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် (၁) ဦးသေဆုံးကာ (၁) ဦးဒဏ်ရာရရှိခဲ့ပါသည်။
ထို့နောက် ညှင်းပန်းနှိပ်စက်မှု့ကြောင့် (၁၂) ဦးသေဆုံးခဲ့ပြီး၊ အဓမ္မပြုကျင့်ခံရမှုကြောင့် (၁) ဦး‌ သေဆုံးခဲ့ကာ လူသားဒိုင်းကာအဖြစ် အသုံးချခံရမှုကြောင့် (၇) ဦး သေဆုံးခဲ့ရပါတယ်။
ကျားမခွဲခြားမှုအနေဖြင့် ( မ ) ဦးရေမှာ ( ၅၅ ) ဦးဖြစ်ပြီး၊ ( ကျား ) ဦးရေမှာ ( ၁၂၉ ) ဦး ထိရှိခဲ့ကာ ကျား/မ မသိရှိရသည့် လူဦးရေစာရင်းမှာ ( ၅၀၅ ) ဦး ရှိကြောင်းသိရှိရပါသည်။
အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့်မြို့နယ်မှာ ဖားကန့်မြို့နယ်ဖြစ်ပြီး ၊ ဗန်းမော်မြို့နယ် သည် ဒုတိယအများဆုံး အရပ်သားထိခိုက်‌သေဆုံးမှုဖြစ်ခဲ့၍ မိုးကောင်းမြို့နယ်သည်လည်း တတိယအများဆုံး အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်။ မိုးညှင်း၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်း၊ ဆော့လော်၊ မိုးမောက် နဲ့ ပူတာအို ၊ အင်ဂျန်ယန်းမြို့နယ် တို့တွင်လည်း အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။
၎င်းအရပ်သားထိခိုက်သေဆုံးမှုတွင် အများဆုံး ကျူးလွန်ခဲ့သူမှာ စစ်ကော်မရှင်တပ်မှ ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမည်မသိအဖွဲ့မှ ကျူးလွန်မှုများလည်းရှိခဲ့ပါတယ်။
လက်ရှိကချင်ပြည်နယ်အခြေအနေသည် နေ့တိုင်းနီးပါး စစ်ကော်မရှင်ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်မှ လေကြောင်း၊ဒရုန်း အသုံးပြုတိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ပြုလုပ်နေပါသည်။

Leave a Reply