
ကချင်ပြည်နယ် ဒီဇင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု
ကချင်ပြည်နယ်။ 16 ၊ January ၊ 2026 ။
ကချင်ပြည်နယ် ဒီဇင်ဘာလအတွင်းတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း (173) ဦး ရှိခဲ့ပြီး ၎င်းတို့ထဲတွင် (39)ဦး သေဆုံးပြီး (48)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Kachin Human Rights Team ရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
အဆိုပါထဲတွင် သေနတ်ရမ်းသမ်း ပစ်ခတ်မှုကြောင့် (1)ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် (35)ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (3) ဦး စသဖြင့် ထိခိုက်သေဆုံးခဲ့ပါတယ်။
ဆက်လက်၍ လေကြောင်း တိုက်ခိုက်မှုကြောင့် (40) ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (1)ဦး ၊ ဒရုန်းအသုံးပြုပစ်ခတ်မှုကြောင့် ( 3 ) ဦး နှင့် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် (4)ဦး စသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။
ထို့ပြင်အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့မြို့နယ်မှာ မိုးကောင်းမြို့ဖြစ်ပြီး၊ ဗန်းမော်၊ ဖားကန့်၊ ပူတာအို၊ အင်ဂျန်းယန်၊ တနိုင်း၊ မိုးညှင်းမြို့နယ်တို့တွင်လည်း အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ပါတယ်။
၎င်းအရပ်သားထိခိုက်သေဆုံးမှုတွင် ကျူးလွန်သူမှာ စစ်ကော်မရှင်တပ်မှ အများဆုံးဖြစ်၍ အမည်မသိအဖွဲ့မှ ကျူးလွန်မှုများလည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်တွင် အရပ်သားသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရှိခဲ့သူ စုစုပေါင်း (12)ဦး ရှိခဲ့ပါတယ်။
လက်ရှိကချင်ပြည်နယ်အခြေအနေသည် နေ့တိုင်းနီးပါး စစ်ကော်မရှင်ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်မှ လေကြောင်း၊ ဒရုန်း အသုံးပြုတိုက်ခိုက်မှုများပြုလုပ်နေပါတယ်။
