ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
ဖားကန့်မြို့။ ၃ ၊ ဒီဇင်ဘာလ ၊ ၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်စီစာ ကျေးရွာတွင် ယမန်နေ့ မနက် ( 08:00 am ) နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရ‌တဲ့ ရုပ်အလောင်းအား ဒေသခံများက တွေ့ရှိခဲ့ကြောင်း‌ သိရပါတယ်။
အဆိုပါ ပစ်သတ်ခံရသူမှာ အသက် ( ၃၅ ) နှစ်အရွယ်ဖြစ်တဲ့အပြင် ၎င်း၏ရင်ဘက် ‌ဘယ်ဘက်ခြမ်းတွင် သေနတ်ကျဉ်ဆံဝင်တဲ့‌ အရာ‌နဲ့ ခန္ဓာကိုယ်ပေါ်တွင်လည်း ညင်းပန်းနှိပ်စက် ရိုက်နက်ထားတဲ့ဒဏ်ရာများကိုလည်း တွေ့ရပါတယ်။
ထိုသေဆုံးသူကို ပစ်ခတ်တဲ့သေနတ်ကျဉ်ဆံအမျိုးအစားအဖြစ် ကျဉ်ဆံခွံ‌ပေါ်တွင် ( SHN LUGER, PMG ) ဆိုတဲ့ အမှတ်အသားပါရှိတာ‌‌ကိုတွေ့ရသလို ရှမ်းနီပြည်သူ့စစ် ( SNA ) ရဲ့ လက်နတ်ကျဉ်ဆံဖြစ်နိုင်ကြောင်း ယူဆရ‌သော်လည်း တိတိကျကျ အတည်မပြုနိုင်သေးပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဖားကန့်မြို့အတွင်း အရပ်သားထိခိုက်သေဆုံးသူ ( ၃ ) ဦးအထက် ရှိခဲ့ရာမှာ သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသူ ( 2 ) နှစ်ဦးနဲ့ ဒရုန်းလက်နက်ကြီး ထိမှန်ပြီး သေဆုံး ကလေးငယ် ( ၁ ) တစ်ဦးတို့ ရှိခဲ့ပါတယ်။

Leave a Reply