ကချင်ပြည်နယ် အောက်တိုဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု
ကချင်ပြည်နယ်။ ၁၁ ၊ အောက်တိုဘာလ၊ ၂၀၂၅။
ကချင်ပြည်နယ် အောက်တိုဘာလအတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း (၉) ဦး ရှိခဲ့ပြီး ၎င်းတို့ထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁ )ဦးသေဆုံးပြီး (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kachin Human Rights Team ရဲ့ အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာသူများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် (၃) ဦး၊ ဒရုန်းပစ်ခတ်မှုကြောင့် (၃) ဦး နှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂) ဦးတို့ ဖြစ်ကြပါတယ်။
အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့မြို့နယ်မှာ ဆော့လော်ဖြစ်ခဲ့ပြီး၊ ‌ဖားကန့်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင်လည်း အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ ၎င်းအရပ်သားထိခိုက်သေဆုံးမှုတွင် ကျူးလွန်သူမှာ စစ်ကော်မရှင်တပ်မှ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကချင်ပြည်နယ်တွင် အရပ်သားသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ စုစုပေါင်း မှာ (၅၄) ဦး ရှိခဲ့ပါတယ်။

Leave a Reply