
ဖားကန့်မြို့နယ် တစ်ချို့တွင် တိုက်ပွဲပြင်းထန်လာသဖြင့် လုံခြုံရေးအတွက် အရပ်သားတစ်ချို့ စစ်ဘေးရှောင်
ဖားကန့်မြို့။ ၁၇၊စက်တင်ဘာလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ဘက် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်မှ စစ်ကောင်မရှင်တပ်ဖွဲ့များထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများပြင်းထန်လာနိုင်တာကြောင့် ကျေးရွာတစ်ချို့ မြစ်ကြီးနားသို့ နေရပ်စွန့်ခွာစစ်ဘေးရှောင်လာကြောင်း မြို့ခံများထံမှ သိရပါတယ်။
“ထိုးစစ်အရမ်းဆိုးလာလို့ စစ်ဘေးရှောင်လာကြတယ်။ တစ်ချို့က ဆွေမျိုးအိမ် တွေမှာခိုလုံကြတယ်။ အများပိုင်းကတော့အသင်းတော်တွေမှာ ခုံလုံနေကြတယ်။ အားလုံးမဟုတ်သေးဘူး တစ်ချို့က လမ်းစရိတ်မရှိတာရယ်၊ ရွာမှာရှိတဲ့ပိုင်ဆိုင်မှု စောင့်ရှောက်ဖို့ရယ် စတဲ့ အခက်အခဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေခဲ့ရတာရှိတယ်တဲ့” လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ဖားကန့်ဘက်မှ စစ်ဘေးရှောင်လာတဲ့ လူဦးရေအတိအကျ စာရင်းမသိရသေးသလို ၅၀၀ နဲ့ ၁၀၀၀ အထက်ကြားရှိနိုင်ပြီး ရှရောခနဲ့ မရှီကထောင်ရွာတွေ ပါတာသိရကြောင့် သူကဆက်ပြောပါတယ်။
ဖားကန့်မြို့တွင် ပြီးခဲ့တဲ့ လတိုင်းမှာ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးလက်နက်ငယ်၊ ဒရုန်း၊ လေယာဉ်များဖြင့် ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း သိရပါတယ်။
