တစ်လအတွင်း KSPP ဥက္ကဌ ဒေါက်တာတူးဂျာနေအိမ် နှစ်ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်
မြစ်ကြီးနားမြို့။ ၃၁၊ ဇူလိုင်လ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ဒေါက်တာတူးဂျာနေအိမ်အနီး ယမန်နေ့ နေ့လည် ၂:၀၀ နာရီခန့်က ဗုံးထပ်မံပေါက်ကွဲခဲ့ ကြောင်းသိရပါတယ်။
အဆိုပါ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးပေါက်ကွဲမှုက ဒေါက်တာတူးဂျာ နေအိမ် မျက်နှစ်ချင်းရှိ မူ‌‌ကြိုကျောင်းရဲ့ ရေမြောင်းတွင် ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသံများထံမှသိရပါတယ်။
“နေအိမ်မှာ တော့မဟုတ်ဘူး။ အိမ်ရှေ့က မူကြိုကျောင်းရဲ့ ရေမြောင်းထဲမှ ပေါက်တာ။ လူ‌ တွေထိခိုက်တာ တော့မရှိဘူး။” လို့ အမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကလည်း KSPP ပါတီဝင်ဟောင်းဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာ နေအိမ်တွင် ဗုံးပေါက်မှုဖြစ်ခဲ့ပါတယ်။

Leave a Reply