မိုးကောင်းရှိ သက်တမ်း(၈၀)ကျော် ညောင်ပင်ကြီး လေတိုက်အားကြောင့်ပြိုလဲကျ
မိုးကောင်းမြို့ ။ ၂၅၊ဇူလိုင်လ၊၂၀၂၅
မိုးကောင်းမြို့ အထွေထွေပြည်သူ့ဆေးရုံဝန်းအတွင်းက နှစ်ပေါင်း(၈၀) ကျော်သက်တမ်းရင့် ညောင်ပင်ကြီးဟာ ဇူလိုင်လ(၂၄)ရက် နေ့လည် (၂)နာရီတွင် လေတိုက်အားကြောင့် အမြစ်ကနေလှန်ပြီး လဲကျသွားပါတယ်။
“ညောင်ပင်ဟာ ဆေးရုံလာတက်ကြတဲ့အဝေးက လူနာရှင်တွေရဲ့ စိတ်ဖြေနားခိုရာ နေရာလည်းဖြစ်သလို ပူဆွေးသောကတွေနဲ့ ညောင်ပင်ကြီးအောက်မှာ ထိုင်ရင်း ငိုကြွေးခဲ့ကြတဲ့ နေရာလည်းဖြစ်တယ် “လို့ အဖိုးက ပြောပါတယ်။
“ဆရာဝန်ကြီးနေတဲ့ အဆောင်တန်းလျားနဲ့ ဆေးမှူးအဆောင်နားက ဆိုင်ကယ်အပ်ဖို့ လုပ်ထားတဲ့ နေရာနားကသက်တမ်းရင့် ညောင်ပင်ကြီးဖြစ်ဟုတ်တယ် လေပြင်းတိုက်လို့ လဲသွားတာ ၊ အဆောင်တွေပေါ် မကျတာတော်သေးတယ် ၊ကျုပ်တို့ ငယ်ငယ်ကတည်းက အရိပ်ခိုဆော့ကစားခဲ့တဲ့နေရာ ဖြစ်တယ်” လို့ အသက်(၈၆)နှစ်အရွယ်အဖိုးက ပြောပြပါတယ်။
မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာနဲ့အတူ ရာသီဥတုဖောက်ပြန်ခြင်း တွေ ဆက်တိုက်ကြုံတွေ့နေတာကြောင့် သစ်ပင်စိုက်ပျိုးခြင်းနဲ့အတူ သက်တမ်းရင့်အပင် တွေကိုလည်း ထိန်းသိမ်းသင့်တယ်လို့ အဖိုးကဆက်ပြောပါတယ်။
ယမန်နေ့က မြစ်ကြီးနား ကျွန်းပင်သာ မိန်းလမ်းမကြီးမှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်ကြီးလဲသွားပြီး လူနှစ်ဦးပါတဲ့ ကားတစီးဖိမိခဲ့ပါတယ်။

Leave a Reply