ဖားကန့်မြို့နှစ်နေရာတွင် မြေစာပုံပြိုပြီး ရေမဆေး ကျောက်ရှာသူများသေဆုံး
ဖားကန့်မြို့။ ၂၁၊ဇူလိုင်လ၊၂၀၂၅
LangJi Media
ကချင်ပြည်နယ် ဖားကန့်မြို့ နှစ်နေရာဖြစ်တဲ့ အောင်သာယာတွင် ယနေ့မနက် ၇:၀၀နာရီဝန်ကျင်နဲ့ တင်အောင်ကြိုင် တောင်ယာကုန်းအထက်တွင် နေ့လည် ၁၂:၀၀နာရီဝန်းကျင်မှာမြေစာပုံပြိုကျမှုဖြစ်ပြီး လူအများအပြားသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။
” ဒီမနက် အောင်သာယာဘက် ပြိုတယ်။ ၁၇ယောက်ပါသွားတယ်တဲ့။ ဒီနေ့ နေ့လည်မှာသာယာကုန်းအထက်မှာလည်း ပြိုတယ်တဲ့။ ၅‌ ယောက်အထက်ပါသွားတယ်တဲ့။ အလောင်းနှစ်‌ လောင်းတွေ့တယ်တဲ့။ကျန်တာဆက်ရှာနေတယ်တဲ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ မြေစာပုံပြိုတဲ့ထဲပါသွားသူများကိုဆက်လက်ရှာဖွေနေပြီး ပါသွားသူနှင့်သေဆုံးသူ ဦးရေ စာရင်းအတိအကျမသိရ သေး ကြောင်းသူကဆက် ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ရေမဆေးကျောက်ရှာသူများ ကမ်းပါးပေါ်မှ ပြုတ်ကျ သေဆုံးသူ ၃ ဦးအထက်ရှိခဲ့ကြောင်းသိရပါတယ်။
လက်ရှိမှာ ဖားကန့်မြို့တွင် စစ်ကောင်စီနဲ့ KIAတို့ တိုက်ပွဲများ ပြင်းထန်နေပြီး လေ ကြောင်းတိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေတာကြောင့်အပြင်၊ ဝမ်းစာအတွက် ကျောက်ရှာ‌ဖွေရင်းလည်း အရပ်သားပြုသူများ အသက်ဆုံးရှုံးနေရ ကြောင်း သိရပါတယ်။

Leave a Reply