ဖားကန့်မြို့တွင် ဆန်နဲ့ လျှပ်စီးမီး ပြတ်လပ်မှုဖြစ်နေ
ဖားကန့်မြို့။ ၁၃၊ ဇူလိုင်လ၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ ကားလမ်းများပိတ်လို့ ဆန်နဲ့ အခြားစားသုံးကုန်များ ပြတ်လပ်မှုရှိပြီး လျှပ်စစ်မီးပြတ်တာက်မှုလည်း တစ်ပတ်ခန့်ကြာလာပြီးဖြစ် ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“လောလောဆယ်တော့ အဓိကဆန်တွေပြတ်လပ်မှုရှိလာတယ်။ တစ်ခြား စားသုံးကုန်လည်း နည်းလာပြီ။ ပြီးတော့ လျှပ်စစ်မီးပေါ့နော်။ လျှပ်စစ်မီးပြတ်တာ (၅)ရက် လောက်ရှိလာပြီ။” လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ထိုသို့ ဆန်နဲ့ လျှပ်စစ်မီးပြတ်လပ်မှုကြောင့် ဖားကန့်မြို့တွင် အရင်ထက် ခိုးဆိုးလုယက် သတ်ဖြတ်တဲ့ဒုစရိုက်ပြစ်မှုကျိုးလွန်တာပိုများပြားလာမှကို စိုးရင်ကြောင်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ မှစပြီး ဖားကန့် မြို့သို့ ဆန်၊ဆီကားနဲ့ အခြားကုန်ကားများဝင်ရောက်မှုများ နည်းသွားကြောင်းသိရပါတယ်။

Leave a Reply