
ဖားကန့်မြို့တွင် စစ်ကောင်စီနဲ့ KIAတို့ ကြား တိုက်ပွဲဖြစ်နေသလို၊ အရပ်သားပြည်သူများလည်း လက်သည်မပေါ် ပစ်သတ်ခံနေရသည့်ပြည်သူများပိုများလာ
ဖားကန့်မြို့။ ၁၁၊ ဇူလိုင်၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ နေရာတစ်ချို့တွင် စစ်ကောင်စီနဲ့ KIAတပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်နေသလို၊ လက်သည်မပေါ် အရပ်သားပစ်သတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ဖားကန့် မြို့ ဆွတ်ဘွမ်ယန်ကျေးရွာဘက် ယနေ့ နေ့လည် ၂:နာရီခန့်မှာ စစ်ကောင်စီနဲ့ KIA တို့ကြား တိုက်ပွဲများဖြစ်ခဲ့ပြီး၊ ယမန်နေ့ကလည်း မှော်မောင်းလျံဘက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖားကန့် မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“တိုက်ပွဲကတော့နေတိုင်းကြားရတယ်။ မနေ့ကတော့ မှော်မောင်းလျံဘက် တိုက်ပွဲပြင်းထန်တယ်။ အမှိုက်ပုံ (ဆွတ်ဘွမ်ယန်) ဘက်တော့ နေတိုင်းဘဲ ဒီနေ့လည်း ပစ်နေကြတယ်။” လို့ ပြောပါတယ်။
ထိုသို့ တိုက်ပွဲကြောင့် အရပ်သားပြည်သူများနေထိုင်ရာဘက် လက်နက်ကြီးများလည်း ကျရောက် ပေါက်ကွဲတာတွေကြောင့် အရပ်သားပြည်သူများ၏နေအိမ်များထိခိုက်မီး လောင်ပျက်စီးတာရှိကြောင်း သူကဆက်ပြောပါတယ်။
ထို့အပြင် ယမန်နေ့ ဖားကန့်မြို့ မှောစီစာကျေးရွာတွင် အချဥ်ပေါင်းရောင်းသူအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့တာရှိပြီး၊ ဒီနေ့ကလည်း လုံးခင်းဆီရောင်းနေသူ အမျိုးသားတစ်ဦးကို သေနတ်ကိုင်ဆောင်သူ လူသုံးယောက်မှ ဓါးပြတိုက်မှုဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ စစ်ကောင်စီနဲ့ ပြည်သူစစ်ဝင်ရောက်လာတဲ့အချိန်မှ
ဖားကန့်မြို့တွင် လူအခွင့်အရေးချိုး ဖောက်ခံရမှုအပြင် ဒေသတွင်း အခြား ဒုစရိုက်မှု ပိုမိုများပြားလာကြောင်း သိရပါတယ်။
facebookမှတစ်ဆင့်သော်လည်းကောင်း ဒေသသတင်းများကိုပေးပို့နိုင်ပါသည်။
