မြစ်ကြီးနားမြို့တွင်း အမျိုးသမီးများလုယက်ခံရမှု များလာ
မြစ်ကြီးနားမြို့။ ၁၈၊ဇွန်လ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင် ယမန်နေ့ က အမျိုးသမီးနှစ်ဦး ရန်ကြီးအောင်လမ်းအဝင်မှာ ဆိုင်ကယ်ပေါ်မှ နားကပ်လုယက်ခံရကြောင်းသိရပါတယ်။
“‌ဟုတ်တယ်။ မြစ်ဆုံဟိုတယ်နား ရန်ကြီးအောင်သံလမ်းဘက်တဲ့။ နားကပ်တစ်ဖက်ပါသွားတယ်လို့ပြောတယ်။” လို့ လုယက်ခံရသူ၏အသိအမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့ကလည်း မြေမြင့်လမ်းကြားတစ်ခုတွင် အသက် (၄၀)အရွယ်အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်လုပြီးဓားခုတ်ခံရရှိခဲ့ကြောင်း သူမက‌ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက်နေ့တွင် စီတာပူနှစ်ခြင်းဘုရားကျောင်းရှေ့ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်လုနေတဲ့ ဓါးပြ(၃)ဦးကို ဖမ်းဆီးမိခဲ့ ကြောင်းသိရပါတယ်။

Leave a Reply