
ရွှေလက်ပံရွာမှာ ရှမ်းနီပြည်သူ့စစ်က လူတောင်းနေ၊ လူငယ်တွေ ကြောက်လန့်ပြီးရှောင်တိမ်းနေ
ဇွန်၊ ၁၅၊၂၀၂၅
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရွှေလက်ပံကျေးရွာမှာ ရှမ်းနီပြည်သူ့စစ်က စစ်မှူထမ်းရန် လူတောင်းနေတယ်ကြောင့် လူငယ်တွေဟာ ကြောက်လန့်ပြီး တိမ်းရှောင် ကုန်ကြတယ်လို့ သိရပါတယ်။
“ရှမ်းနီပြည်သူ့စစ်က ရွှေလက်ပံရွာသား တွေကို စည်းဝေးခေါ်ပြီး အသက်(၁၅ )နှစ်ကနေ (၅၀) အရွယ် ကျား/မ တစ်အိမ်တယောက်နှုန်း စစ်မှုထမ်းဖို့ လူပေးရမယ်လို့ ပြောလာတယ်၊ ရပ်ရွာအုပ်ချုပ်ရေးပိုင်းကလူကြီးတွေအားလုံး မဖြစ်မနေ စစ်သင်တန်းတက်ထားပြီး လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး ကိုယ့်ရွာကိုယ်အုပ်ချုပ်ခိုင်းမယ်လို့ ပြောလာတယ်၊ လူမပြည့်မချင်းရွာကမထွက်ဘူးလို့ ပြောလာတာမို့ စိတ်ညစ်နေကြတယ် ” လို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းနီပြည်သူ့စစ်က တပတ်ခုနှစ်ရက်မှာ လူဦးရေ ၁၅ /၃၀ ဦး ထိလက်ခံသွားမှာဖြစ်ပြီး လူငယ် တွေကို စစ်သင်တန်းကာလ( ၄၅ )ရက်၊ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကို စစ်သင်တန်းကာလ ( ၁၅)ရက် ပေးသွားမယ်လို့ ဆိုပါတယ်။
ရွှေလက်ပံရွာသားတွေကို ရှမ်းနီပြည်သူ့စစ်ကလူတောင်းပြီး နှစ်ရက်အကြာမှာ (KIA )ဖက်က အစည်းဝေး ထပ်မံခေါ်ယူပြီး စစ်မှုထမ်းကိစ္စကို မေးမြန်းတဲ့အပြင် (KIA )ဖက်ကိုလဲ လူတောင်းတာကြောင့် ပြည်သူတွေဟာ နှစ်ဖက်လက်နက်ကိုင်ကြားမှာ နေထိုင်ရတာ အကြပ်ရိုက်နေကြတယ်လို့ ဒေသခံေတွကပြောလာပါတယ်။
ရှမ်းနီပြည်သူ့စစ်က သက်ြန်အတက်နေ့မှာ ရွှေလက်ပံရွာက အသက်( ၁၄/၁၅) နှစ်အရွယ် လူငယ်(၆)ဦးဟာ နန့်မွန်းမှာ စုဆောင်းရေး ဆွဲခံလိုက်ရပြီး ရှမ်းနီပြည်သူ့စစ်သင်တန်းကို အရောက်မှာ ကချင်နဲ့ ရှမ်းနီး လူမျိုး ခွဲခြားပြီး ဝတ်စုံထုတ် ပေးတယ်လို့ ဆက်လက်သိရှိရပါတယ်။
