ဝိုင်းမော်မြို့ လမြန်ကျေးရွာဘက်စစ်ကောင်စီ (၅၈)တပ်မှ ဒရုန်းဖြင့် ဗုံးကြဲနေ
ဝိုင်းမော်မြို့။ ၅၊ မေလ၊ ၂၀၂၅
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက် ယမန်နေ့ ၅:၃၀ခန့်က စစ်ကောင်စီ (၅၈) စခန်းမှ တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
” မနေ့က ညနေဘက် (၅၈) တပ်က ဒရုန်းတက်သွားတာ သိပ်မကြာဘူး လမြန်ဘက် ပေါက်ကွဲသံတွေကြားရတယ်။ တိုက်ပွဲသံတော့ မကြားမိဘူး။” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာဖြစ်ပြီး နေအိမ်ထိခိုက်တာရှိနိုင်တယ်လို့ တစ်ခြားဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“လမြန်ရွာမှ ကျတာကို တောင်ပေါ်ကနေတွေ့တယ်။ နေအိမ်တွေထိလား မထိလား ကောင်းကောင်းမမြင်ရဘူး။ ထိခိုက်နိုင်တယ်လို့တော့ထင်တယ်” လို့ ‌အမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လမှ ဧပြီလ ၃၀အထိ လမြန်ကျေးရွာဘက် စစ်ကောင်စီနဲ့ KIA တို့ ရံဖန်ရံခါတိုက်ပွဲများဖြစ်ခဲ့တာရှိပါတယ်။

Leave a Reply