
မြစ်ကြီးနား-ဝိုင်းမော် အသစ်ဆောက်လုပ်နေတဲ့ ဗလမင်းထင်အမှတ်(၂) တံတားအတွက် သဲကျောက်ယူရန်ဆိုပြီး ရွှေခိုးလုပ်နေ
မြစ်ကြီးနားမြို့။ ၂၊ မေလ၊ ၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးမြို့နဲ့။ ဝိုင်းမော်မြို့ကို ဆက်သွယ်ရန် အသစ်ထပ်မံဆောက်လုပ်နေတဲ့ ဗလမင်းအမှတ်(၂) တံတားမှာ ဆောက်လုပ်ရေးလုပ်နေတဲ့တာဝန်ရှိသူများက တံတားအတွက်ခေါင်းစဉ်တပ်ပြီး သဲကျောက်ထုတ်နေတဲ့နေရာများကို ရွှေလုပ်ရန် အကွက်ရိုက်ပြီး သူဌေးများထံရောင်းနေကြောင်း မြို့ခံများထံမှ သိရပါတယ်။
” တံတားအတွက် ခေါင်းစဥ်တပ်ပြီး သဲကျောက်ထုတ်ယူ နေတဲ့နေရာတွေမှာ ဆောက်လုပ်ရေးတာဝန်ရှိတဲ့သူများက သူဌေးများထံ အကွက်ရိုက်ပြီး ရောင်းပေးနေတာလို့ အပေါ်ယံကြားတယ်။ တစ်ချို့က ရွှေတောင်တူးနေတာ တွေ့ရပြီ” လို့ မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အရင်ကနေ တံတားအတွက် ခေါင်းစဉ်တပ်ပြီး မန်ခိန်းဘက်က သဲကျောက်များကို ထုတ်ယူပြီး ရွှာအပြင်မှာရွှေ မြောချတာတွေပြုလုပ်နေတာရှိကြောင်း သူကဆက်ပြောပါတယ်။
ဗလမင်းထင် အမှတ်(၂) တံတားအသစ်ကို ဆောက်လုပ်ရန် ပြီးခဲ့တဲ့ ၂၀၂၁နှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ပန္နက်ရိုက်ပြီး စတင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
