မြစ်ကြီးနား မြစ်ဆုံတန်ဖရဲကျေးရွာတွင် တိုက်ပွဲဖြစ်‌နေ၊ ဒေသခံများ စစ်ဘေးရှောင်နေရ
မြစ်ကြီးနားမြို့။ ၁၊မေလ၊ ၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံတန်ဖရဲ ကျေးရွာတွင် ဧပြီလ ၂၇ရက်နေ့မှစပြီး စစ်ကောင်စီနဲ့ KIAတို့ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေ‌ပြီး၊ ‌ဒေသခံရွာသူများမြစ်ကြီးနားဘက် နီးစပ်ရာဆွေး‌မျိုးများထံ ထွက်ပြေးတိမ်းရှောင်နေကြောင်း တန်ဖရဲဒေသခံများထံမှ သိရပါတယ်။
” တိုက်ပွဲဖြစ်တာက သုံးလေးရက်တော့ကြာပြီထင်တယ်။ စစ်ကောင်စီတွေ စစ်ကြောင်းအလုံးအရင်းထိုးလာကတည်းက ကျွန်တော်တို့ က ရှောင်နေပြီ။ တစ်ချို့ ရွှေတူး‌ နေတဲ့သူတွေတော့ရှိ‌ သေးတယ်တဲ့။ ဒီ‌နေ့‌ တော့ ငြိမ်နေတယ်။” ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်မှ KIAတို့ရှိရာဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်‌ကြောင်းလှုပ်ရှားလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်လာ‌တာဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရပါတယ်။
“သူတို့စစ်‌ကောင်စီဘက်က တန်ဖရဲမှာ အင်အားဖြည့်တယ် စခန်းတွေလုပ်လာတယ်။ ဒါတင်မကဘူး ကျွ‌န်‌ တော်တို့ရှိတဲ့ဘက် စစ်ကြောင်းလှုပ်ရှားလာသလို၊ လက်နက်ကြီး၊ငယ်၊ ဒရုန်းတွေနဲ့ ရံဖန်ရံခါ ပစ်တယ်။ ဒီလို‌ကြောင့် အခုလို နှစ်ဘက်တိုက်ပွဲပြန်ပြင်းထန်လာတယ်။”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီဘက်မှ ဧပြီလ ၃၀ရက်အထိ ယာယီအပစ်ခတ်ရပ်ဆိုင်းထားကြောင်း ကြေညာထားသော်လည်း ကချင်ပြည်နယ် နေရာအနံ့ မြေပြင်စစ်ကြောင်းလှုပ်ရှား‌နေတဲ့အပြင် လေကြောင်းများမှလည်း ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါ‌တယ်။

Leave a Reply