အောက်မြန်မာပြည်မှာ သဘာဝငလျင်ဘေးကြုံတွေ့နေသူများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC)မှ မတည်အလှူငွေအဖြစ် သိန်းပေါင်း ၁၅၀၀ လှူဒါန်း‌
ကချင်နှစ်ခြင်းအသင်းတော်။ ၁၊ဧပြီလ၊ ၂၀၂၅
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး လေးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ နေ့လည်၁၂:၅၀ခန့်က ၇.၇အင်အားရှိတဲ့ မြေငလျင်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူအများအပြားထိခိုက်‌သေဆုံးခဲ့ပြီး နေအိမ်အိုးအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အဆိုပါ မြေငလျင်ဒဏ်ကြုံတွေ့နေရတဲ့ နေရာများအတွက် လူသားခြင်းစာနာမှုအကူအညီအဖြစ်ရည်ရွယ်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်(KBC) မှ ငွေကျပ်သိန်း ၁၅၀၀ ကို မတည်အလှူငွေအဖြစ် စတင်လှူဒါန်းပြီး အသင်းသူ/အသင်းသားများလည်း ပူးပေါင်းပါဝင်လှူဒါန်းဖို့ တိုက်တွန်းကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC ) သတင်းမီဒီယာစာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်အထိ နေပြည်‌တော်အပြင် စကိုင်းနဲ့ မန္တေ‌လေးမှာ မြေငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ကျော်နဲ့ ထိခိုက်‌ဒဏ်ရသူ ၄၅၀၀ခန့် ရှိပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်းလည်းသိရှိရပါတယ်။

Leave a Reply