
မြစ်ကြီးနားမြို့ ဖုန်းဆိုင်တစ်ခု ဖောက်ထွင်းခံရ
မြစ်ကြီးနားမြို့။ ၂၊ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Top One Mobile ဖုန်းဆိုင်တွင် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က ဆိုင်းအတွင်း ဖောက်ဝင်ပြီး ဖုန်းနဲ့ ပိုက်ဆံအပြင် ပစ္စည်းများစွာကို ခိုးယူသွားကြောင်း ဆိုင်နဲ့ နီးစပ်သူများထံမှ သိရပါတယ်။
” မနက်ပိုင်းလို့ ပြောကြတယ်။ ယောကျ်ားလေးလူငယ်နှစ်ယောက်တဲ့။ ပိုက်ဆံအပြင် ဆိုင်ထဲက ရှိတာအကုန်ယူသွားတယ်တဲ့” လို့ ဒေသခံ အမျိုးသမီးကပြောပါတယ်။
ထို့အတူ ဆိုင်ပိုင်ရှင်လို့ ယူဆရသူမှလည်း Redmi phone 5 လုံး ၊keypad SYH brand ၊Power Bank 81 brand၊ပန်ကာများ ၊နားကြပ်များ ၊AirPod ၊ Bluetooth speakers
Bluetooth Box ( 81 / Oraimo brand )၊ Smart watches 10 လုံး Oraimo brand ၊ Ph Bill MPT 500/1000/3000၊ ပိုက်ဆံ တွေခိုးယူခံလိုက်ရကြောင်း လူမှုကွန်ယက်မှာ တင်ထားပါတယ်။
မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ အာဏာသိမ်းချိန်မှစပြီး ခိုးဆိုးလုယက်သတ်ဖြတ်မှုများ ပိုမိုများပြားလာသော်လည်း ဖမ်းဆီးအရေးယူနိုင်တာ မတွေ့ရသေးကြောင်းသိရပါတယ်။
