ဖားကန့် -တနိုင်း သွားလမ်းတွင် တိုက်ပွဲ‌ဖြစ်‌နေသောကြောင့် ခရီးသားပြည်သူကား ၁၀၀၀ခန့် ပိတ်မိနေ
ဖားကန့်မြို့။ ၂၊ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ယ် တနိုင်းလီဒူလမ်း ဒွမ်ဘန်နဲ့ ခွင်စိုင်ယန်ကျေးရွားကြား စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တို့ ယနေ့ တိုက်ပွဲဖြစ်လို့ ကားလမ်းများပိတ်ထားခံရကြောင်း ခရီးသွားပြည်သူများထံမှ သိရပါတယ်။
“နှစ်ဖက်တိုက်ပွဲဖြစ်‌ကြတာ၊ ခရီးသွားတွေ အားလုံးဖြတ်သွားလို့မရဘူး။ ညအိပ်ရမလားမသိဘူး” လို့ ဖားကန့်မှဆင်းလာတဲ့ ကားသမားတစ်ယောက်ကပြောပါတယ်။
အဆိုပါ ပိတ်ဆို့မှုမှာ ဖားကန့်နဲ့ တနိုင်းဘက်က ဆင်းလာတဲ့ အိမ်ကား၊ကုန်ကား စုစုပေါင်း ၁၀၀၀ကျော်ခန့် ရှိနိုင်ကြောင်း သူကဆက်ပြောပါတယ်။
ထို့အပြင် တနိုင်းသွားလမ်း ရှဒူးဇွပ်ကျေးရွာတွင် ယနေ့ ၁:၀၀နာရီခန့်က မင်းဇေသန့်ပြည်သူ့စစ်များ၏ ဒရုန်းဖြင့် ဗုံးကြဲတာကြောင့် ကားနဲ့ ကားသမားတစ်ဦး ထိခိုက်ခဲ့ကြောင်း ခရီးသွားပြည်သူများထံမှသိရပါတယ်။
“မင်းဇေသန့်တွေရဲ့ဒရုန်းနဲ့ ဗုံးကြဲလို့ ကားတစ်စီးထိခိုက်တယ်တဲ့၊ ကားသမားလည်းထိတယ်တဲ့” လို့ ခရီးသွားအမျိုးသမီးတစ်ဦးကပြောပါတယ်။
ယမန်နေ့ မတ်လ ၃၁ ရက်နေက လဝါးကျေးရွာတွင် စခန်းချနေရာယူထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်များကို KIAနဲ့ ပူးပေါင်းတပ်တို့က လာရောက်တိုက်ခိုက် ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။

Leave a Reply