ဖားကန့်မှ ဆင်းလာတဲ့ ခရီးသွားပြည်သူများ ဓါးပြတိုက်ခံရ
ကားမိုင်းမြို့။ ၂၆၊ မတ်လ၊ ၂၀၂၅
ကချင်ပြည်နယ်၊ ကားမိုင်းမြို့ လဝါးလမ်းမပေါ်တွင် ယနေ့ ၁၂နာရီ ဝန်းကျင်မှာ ဖားကန့်ဘက်မှ မြစ်ကြီးနားကို ဆင်းလာတဲ့ ခရီးသွားများကို အမည်မသိလူအုပ်စုမှ ဓါးပြတိုက်ခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရပါတယ်။
” လူငယ်(၆) ယောက် သေနတ်တိုနဲ့ ဓားတွေပါတယ်။ လဝါးအကျော် လမ်းမမှာ ကားတွေ၊ဆိုင်ကယ်တွေအားလုံးကို ရပ်ခိုင်းပြီး အိတ်တွေအကုန်ဖွင့်ခိုင်းပြီးယူသွားတယ်။” လို့ ကိုယ်တွေ့ အမျိူသားတစ်ဦးကပြောပါတယ်။
ထို့အပြင် ခရီးသည်များကို အိတ်တွေဖွင့်ခိုင်းပြီး ရသလောက် လုယူ‌နေ‌ကြောင်းကို လူနာတင်ယာဥ်‌အဖွဲ့မှ သိရပါတယ်။
” ကား၊ဆိုင်ကယ် အားလုံးကို တားထားတယ်။ အိတ်တွေဖွင့်ခိုင်းနေတယ်။ ငါတို့က လူနာတင်ယာဉ်မလို့ လွတ်သွားတာ”လို့ အဖွဲ့ထဲက အမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ ဓါးပြအဖွဲ့ကို ဒွမ်ဘုန်းဂိတ်ကစစ်သားတွေ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့တဲ့ မတ်လ ၂၂ရက် ခန့်မှ ဖားကန့်သွားလမ်းတစ်လျှောက် စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ စစ်ကြောင်းထိုးနေပြီး၊ KIA ပူးပေါင်းတပ်များနဲ့လည်း တိုက်ပွဲတွေဖြစ်နေတာရှိကြောင်း သိရပါတယ်။

Leave a Reply