
ဗန်းမော်မြို့ရှိ သမိုင်းဝင် ကတ်သလစ် စိန်ပက်ထရစ်ဘုရားကျောင်း မီးရှို့ဖျက်စီးခံရ
ဗန်းမော်မြို့။ ၁၈၊မတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ သမိုင်းဝင် ကတ်သလစ် စိန်ပက်ရစ်ဘုရားကျောင်းကို မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ သဖြင့်ပျက်စီးသွား ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိပါတယ်။
“အရင်က ဘုရားကျောင်းဝင်းထဲရှိ နေအိမ်တွေကို မီးရှို့သွားပေမဲ့ ဘုရားကျောင်းကိုတော့ဘာမှမလုပ်ဘူး။ အခုတော့ ဘုရားကျောင်းကိုပါ မီးရှို့လိုက်ကြတယ်။”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါ ဘုရားကျောင်းကို ၁၉၅၈ ခုနှစ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ နှစ်ပေါင်း (၆၇)နှစ်ခန့် ရှိ ပြီးဖြစ်တဲ့ သမိုင်းဝင် ဘုရားကျောင်းတစ်ခုဖြစ်ကြောင်းသူကဆက်ပြောပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့တွင်းရှိ စုပေါင်းရုံးနဲ့ တက္ကသိုလ်ဝင်တွင်းရှိနေသော စစ်ကောင်စီတပ်သားများက ရိက္ခာများပြက်လပ်နေပြီး ပြည်သူများရဲ့နေအိမ်များတွင် ပစ္စည်းများ ခိုးယူစားသောက်နေရတယ်လို့လည်း သိရပါတယ်။
