ားကန့်မြို့နယ် ကျေးရွာ‌နေရာအချို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူအများအပြားသေဆုံး
ဖားကန့်မြို့။ ၁၃၊ ဇန်နဝါရီလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မဇွပ်ယန်နဲ့ ‌ဆန်ခါကျေးရွာ အပြင် အခြားနေရာတွေမှာ ယနေ့ ၁၁:၀၀ နာရီခန့်က စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
” ဂျက်အမျိုးအစားတစ်စင်းနဲ့ တစ်ရွာပြီးတစ်ရွာ ဗုံးလိုက်ကြဲနေတာ။ မဇွပ်ယာန် ကျေးရွာနဲ့ ဆန်ခါကျေးရွာမှာ လူသေတာ တော်တော်များတယ်။ လေယာဉ်က ဆက်ကြဲနေတော့ ဘယ်နှစ်ယောက်သေတာ စာရင်း မသိရသေးဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါ မဇွပ်‌ယန် ကျေးရွာတွင် ဗုံးတစ်လုံးကျပြီး ဆန်ခါကျေးရွာမှာ ဗုံးနှစ်လုံးကျတယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့ကလည်း တနိုင်းမြို့နယ် စန်လွန်ရွှေမှော်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား(၁၅)ဦးသေဆုံးပြီး၊ (၁၀)ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

Leave a Reply