
မိုးညှင်းခရိုင်အတွင်း ရှမ်းနီအမျိုးသားများတပ်(SNA) မှ တပ်မဟာသစ် ၅၆၅ ထပ်မံဖွဲ့စည်းပြီးအင်အားတိုးချဲ့လာ၊ ဒေသခံများ လုံခြုံရေးစိုးရိမ်
မိုးညှင်းမြို့။ ၁၁၊ဇန်နဝါရီလ၊၂၀၂၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် SNA မှ တပ်မဟာ ၅၆၅ အသစ်ဖွဲ့စည်းထားပြီး ဇန်နဝါရီလ ၈ရက်နေ့က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ကျင်းပြုလုပ်ခဲ့ကြောင်း ရှမ်းနီသတင်းအရင်းအမြစ်တစ်ခုထံမှ သိရပါတယ်။
“အသစ်ဖွဲ့စည်းထားတဲ့ တပ်မဟာ ၅၆၅ ရဲ့ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်” ဟုသတင်းအရင်းအမြစ်က ရေးသားထားပါတယ်။
အဆိုပါ တပ်မဟာအသစ်ဖွင့်လိုက်တဲ့အတွက် မိုးညှင်းဒေသခံများက လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အရင်က ဒေသခံတွေကိုလူမျိုးရေး မှိုင်းတိုက်တာ၊ ဆပ်ကြေး ကောက်တာ၊ အသက်အန္တရာယ်ချိန်းခြောက်တာ၊ သတ်ဖြတ်တာတွေရှိတယ်လေ။ အခုတပ်မဟာအသစ်တိုးချဲ့လာတယ်ဆိုတော့ အရင်ထပ် ပိုကြမ်းလာမှာ စိုးရိမ်တယ်” လို့ သူကပြောပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် အရင်က ရှမ်းနီးအမျိုးသားတပ် (SNA) တပ်မဟာ၉၇၂၊ ၈၉၁၊ ၇၅၃၊ ၆၁၄ ဆိုပြီး တပ်မဟာ ၄ ခုရှိတယ်လို့ ရှမ်းနီသတင်းအရင်းအမြစ်တစ်ခုက သိရပါတယ်။ ယခု တပ်မဟာ ၅၆၅ အသစ်နဲ့ဆိုရင် အားလုံးပေါင်း ၅ခုရှိလာပြီဖြစ် ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
