ပြည်သူ့စစ်က တရက်ထဲမှာဘဲ သုံးကြိမ်ထိ ရမ်းသမ်းပစ်ခတ်လို့ လူသေဆုံးပြီး ၊ ကလေးတဦးအပါအဝင် အရပ်သားနှစ်ဦးဒါဏ်ရာရရှိ၊ ကလေးရဲ့အသက်အန္တရာယ်စိုးရိမ်ရ။ ။
ဒီဇင်ဘာ၃၀
ဖားကန့်မြို့နယ်ထဲမှာ တရက်ထဲမှာဘဲ နောင်းမီကျေးရွာမှာ ဒီဇင်ဘာလ၁၈ရက်နေ့က မင်းဇင်သန့် ဦးဆောင်တဲ့ပြည်သူ့စစ်တွေဟာ နေရာသုံးနေရာကို သုံးကြိမ်ထိ ရမ်းသမ်းပစ်ခတ်လို့ အရပ်သားသေဆုံးပြီး ၊ဒါဏ်ရာရရှိသူတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ အသက်၁၃နှစ်အရွယ် ကလေးတဦးဟာ လည်ပင်းကသေနတ်ဒါဏ်ရာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” အဲ့နေ့က မနက်ပိုင်းကနေစလို့ လဝါး(KIA )ဂိတ်ဖက် မှာ ပစ်ခတ်ပြီး လူတွေသေတာကြားရတယ်၊ လဝါးကနေတနိုင်းဖက်တက်လာကြတာလို့ကြားတယ် ၊ နောင်းမီဖက် ရောက်တော့ သေနတ်နဲ့ရမ်းသမ်းပြီး လျှောက်ပစ်လိုက်တာနဲ့ ကလေးရဲ့လည်ပင်းကိုသေနတ်မှန်သွားတာ၊ အသက်အန္တရာယ်စိုးရိမ်ရလို့ တခြားမြို့ကဆေးရုံကို ခေါ်သွားပြီးကုနေရတယ်”လို့ ဒေသခံ အမျိုးသားတဦးကပြောပါတယ် ။
ကာမိုင်မြို့၊ နောင်းမီကျေးရွာက( KIA )တိုက်နယ်ရုံးကိုလည်း ဒီဇင်ဘာလ၁၈ရက်နေ့မှာဘဲ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များက ထပ်မံပြီးဆိုင်ကယ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့က မနက်၉နာရီအချိန်မှာဘဲ လီဒိုလမ်းမကြီးပေါ်က အခွန်ကောက်ခံတဲ့ (KIA )ဂိတ်ကို စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့က ကားလေးစီးဖြင့်လာရောက်ပစ်ခတ်ပြီးနောက် ထိခိုက်ခဲ့သူများကို ကားဖြင့်ကြိတ်သွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။
နောင်းမီဖက်ပစ်ခတ်မှုဖြစ်စဉ်ဟာ ဖုန်းလိုင်းအခက်အခဲကြောင့် ဒီဇင်ဘယ၃၀ရက်နေ့မှဘဲ သတင်းရရှိတာဖြစ်ပါတယ်။

Leave a Reply