
စစ်သားများက ခရီးသွားပြည်သူတွေဆီကနေ ဓါတ်ဆီများအဓမ္မသိမ်ယူနေ
ဒီဇင်ဘာ 23
မြစ်ကြီးနားအဝင်က စစ်တပ်တွေအရှေ့မှာ ပိုက်ဆံထွက်တောင်းနေတဲ့စစ်သားတွေဟာ ခရီးသွားကားတွေဆီတင်ဆောင်လာတဲ့ ဓါတ်ဆီတွေကို အတင်းအဓမ္မသိမ်းယူနေတယ်လို့ သိမ်းယူခံရသူအသက်၃၉နှစ်အရွယ်အမျိုးသမီးက ပြောပါတယ်။
“ခါတိုင်းလဲအဲ့ဒီ မြစ်ကြီးနားအဝင်ကစစ်တပ်အရှေ့မှာ ပိုက်ဆံထွက်တောင်းနေကျဘဲ၊ဒီနေ့မှ ကျမအရှေ့က အေဒီဘင်ကားပေါ်ကနေ ဓါတ်ဆီပုံးအဝါနှစ်ပုံး သိမ်းယူထားတာကိုတွေ့လိုက်တယ်။ ကျမစီးလာတဲ့ကားကိုတားပြီး ကသမားကို ကားပေါ်ကဆင်းခိုင်းတယ်၊ကားတံခါးကိုဖွင့်ပြီးကားထဲကိုဆီပုံးကိုမြင်တော့ ဓါတ်ဆီမသယ်ရဘူးဆိုတာမသိဘူးလားတဲ့မေးတယ်၊ မြစ်ကြီးနားမှာ ဆီဝယ်ရခက်လို့ ကလေးကျောင်းကြိုကျောင်းပို့လုပ်ဖို့အတွက် မိုးညှင်းကနေ ဝယ်လာတာပါလို့ပြောတာလဲမရဘူး ၊ဆီပုံးကိုအတင်းဆွဲချသွားတာ၊ဆီငါးဂါလံပုံးတပုံးကို ၂၅၀၀၀၀ပေးပြီးဝယ်လာရတာ၊စစ်ယူနီဖောင်းအပြည်နဲ့ ၊ ကျည်ကာအကျီနဲ့ သေနတ်ကိုင်ထားတဲ့ စစ်သားဖြစ်ပြီး ပြည်သူတွေကို အဲ့လိုတော့ အနိုင်မကျင့်သင့်ပါဘူး။”လို့ သူမကပြောပါတယ်။
သူတို့ကအဲ့လိုတွေလုပ်နေတော့ ကျမတို့ပြည်သူတွေက စစ်ယူနီဖောင်းဝတ်ထားတဲ့သူတွေကိုရွံမုန်းတဲ့စိတ်ဖြစ်လာနေပြီ။မြစ်ကြီးနားမြို့မှာ ဆီတလီတာကို တသောင်းခွဲကျပ်ထိ တက်သွားပြီး စက်သုံးဆီပြတ်လပ်ကာအကန့်အသတ်နဲ့ရောင်းချပေးတာကြောင့် မိုးညှင်းက နေဝယ်ယူခဲ့တာလို့ သူမက ဆက်ပြောပါတယ်။
မိုးညှင်း-မြစ်ကြီးနားလမ်းပိုင်းတလျှောက်မှာ ဂိတ်ထိုင်ပြီး ပိုက်ဆံတောင်းတဲ့ဂိတ်တွေ များပြားလွန်းတာကြောင့် ဂိတ်ကြေးစုစုပေါင်း၄သောင်းကျော်လောက်ပေးဆောင်ရတယ်လို့ ကားသမားကပြောပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ကိုင်းအင်းတော်လမ်းပိုင်းပိတ်ထားပြီး စက်သုံးဆီယာဉ်တွေဝင်ရောက်ခွင့်မရဘဲ ဆီပြတ်လပ်တဲ့အခြေအနေတွေဖြစ်ကာ ပြည်သူတွေရဲ့သွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။
